DVB Logo
Home
မြန်မာသတင်း
လင်းယုန်စီမံချက်ဖြင့် ဖေဖော်ဝါရီ ၁ ရက်တည်း အမှုပေါင်း ၄၀ ခန့် ဖမ်းဆီးအရေးယူ
DVB
·
February 2, 2018
လင်းယုန်စီမံချက်ဖြင့် ဖေဖော်ဝါရီ ၁ ရက်တည်း အမှုပေါင်း ၄၀ ခန့် ဖမ်းဆီးအရေးယူ
Donate to DVB

ရန်ကုန်တိုင်းမှာ ခိုးဆိုးလုနှိုက်တွေကို လင်းယုန်စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေရာမှာ ဖေဖော်ဝါရီ ၁ ရက်တည်းမှာတင် အမှုပေါင်း ၄၀ လောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုင်းအတွင်းရှိ ခိုး၊ ဆိုး၊ လု၊ နှိုက်မှု ကျူးလွန်တတ်သူတွေ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲသူတွေ၊ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျ အုပ်စုဖွဲ့ ကျူးလွန်သူ လူဆိုးလူမိုက်တွေ၊ ဒုစရိုက်မှုတွေ၊ ပြေး (၄) ပြေးတွေကို ရဲက ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုမှာ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့မှာ ရဲအက်ဥပဒေနဲ့ အရေးယူမှု ၂ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူမှု ၂ မှုနဲ့ တရားခံပြေး ၁ ဦးတို့ကို ဖမ်းဆီးအရေးယူခဲ့လို့ သိရပါတယ်။

အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း၊လှိုင်၊ လမ်းမတော်၊ ကမာရွတ်၊ လသာမြို့နယ်တွေ အတွင်းမှာ ရဲအက်ဥပဒေနဲ့ ၄ မှု၊ မော်တော်ယာဉ်ဥပဒေနဲ့   ၂ မှု၊ ကျင့်ထုံးပုဒ်မ ၅၄နဲ့ ၁ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ၂ မှု၊ လောင်းကစားဥပဒေနဲ့ ၁ မှု အရေးယူခဲ့ပြီး စစ်ပြေး ၁ ဦးကို ဖမ်းဆီးရမိ အရေးယူခဲ့တယ်။

တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှာ  ရဲအက်ဥပဒေနဲ့ ၂ မှု ဖမ်းဆီးရမိအရေးယူခဲ့ပြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်မှာ ရဲအက်ဥပဒေနဲ့ ၉ မှု၊ ၁၉၆၁ ခုနှစ်ပြစ်မှု ကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေအရ ၂ မှု၊ ယစ်မျိုးဥပဒေ ၁ မှု၊ ကျင့်ထုံးပုဒ်မ ၅၄ အရ ၄ မှု၊ လက်နက်များ အက်ဥပဒေပုဒ်မနဲ့ ၁ မှု၊ လောင်းကစားဥပဒေနဲ့ ၁ မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ၃ မှုနဲ့  စစ်ပြေး ၁ ဦးတို့ကို ဖမ်းဆီးရမိ အရေးယူခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ လင်းယုန်စီမံချက်ကို ၂၅ မြို့နယ်မှာ အရှိန်မြှင့် လုပ်ဆောင်နေပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် ၁၉ မြို့နယ်မှာလည်း ဆက်လက်ဆောင်ရွက်မယ်လို့ သိရပါတယ်။

Photo: Yangon Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013