DVB Logo
Home
မြန်မာသတင်း
မြိတ်ဒေသထွက် ငှက်သိုက် ဈေးနှုန်းများ ကျဆင်း
DVB
·
February 2, 2018
မြိတ်ဒေသထွက် ငှက်သိုက် ဈေးနှုန်းများ ကျဆင်း
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ ဇီဝဇိုးငှက်ရဲ့ အန်ဖတ်နဲ့ တည်ဆောက်ထားတဲ့ အသိုက်တွေကို ခွာယူရောင်းချတဲ့ ငှက်သိုက်ဈေးကွက်ဟာ အခု နှစ်လပိုင်းအတွင်း ဝယ်လိုအား ကောင်းပေမယ့် ဈေးနှုန်းတွေ ကျဆင်းသွားတယ်လို့ ငှက်သိုက် ဝယ်ရောင်းဈေးကွက်က သိရပါတယ်။

မြိတ်ကျွန်းစုဒေသထွက် ငှက်သိုက်တွေ ထွက်နှုန်းများလာတာကြောင့် ဈေးကွက်ထဲက သုံးသိန်းနီးပါး ဈေးကျဆင်းနေတယ်လို့ မြိတ်ဒေသ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေဆီက သိရပါတယ်။

သဘာဝငှက်သိုက် အများစုဟာ မြိတ်ကျွန်းစုထဲက ထွက်ရှိတာဖြစ်ပြီး မြိတ်မြို့ လူနေအိမ်တွေမှာ မွေးမြူသူတွေ များလာရာက ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ရောင်းချမှုတွေ ရှိလာတာကြောင့် ငှက်သိုက်ဈေးတွေ ထိုးကျလာတာ ဖြစ်တယ်လို့ သဘာဝငှက်သိုက် အရောင်းအဝယ် ပြုလုပ်သူတွေဆီက သိရပါတယ်။

မြိတ်မြို့ ကန်ဖျားရပ်ကွက်ရှိ မြိတ်ဒေသထွက် လက်ဆောင်ပစ္စည်း အရောင်းဆိုင်မှ မချိုက

“ဈေးကတော့ ကျသွားပါတယ်၊ ငှက်သိုက်တွေ နည်းနည်း များလာလို့ပါ။ ဒီရာသီက မြိတ်မြို့ကို အလည်အပတ် ရောက်ရှိလာတဲ့ ဧည့်သည်တွေ များတော့ အရောင်းအဝယ်တော့ ကောင်းပါတယ်။ ပစ္စည်းများတော့ ဈေးပဲ ကျသွားတာပါ’’လို့ ပြောပါတယ်။

မြိတ်ဒေသထွက် သဘာဝငှက်သိုက်တွေဟာ ပြီးခဲ့တဲ့ ၂ လလောက်က အချော ၁ ပိဿာကို ၃၈ သိန်းကျပ် ဈေးရှိပြီး၊ လက်ရှိမှာ ၃၅ သိန်းကျပ်သာ ရှိတော့ပါတယ်။ ဒါ့အပြင် အကြမ်း ၁ ပိဿာကို အရင် ၃၃ သိန်းကျပ် ရှိရာက လက်ရှိမှာ ကျပ် ၂၇ သိန်းကို ဈေးနှုန်း ထိုးကျသွားတယ်လို့ မြိတ်ဒေသရှိ လက်ဆောင်ပစ္စည်းများ အရောင်းဆိုင်နဲ့ သဘာဝငှက်သိုက် အရောင်းအဝယ် ပြုလုပ်သူတွေဆီက သိရပါတယ်။

“ရောင်းအားကတော့ ပုံမှန်ပါပဲ။ ပစ္စည်းတွေက ထွက်တာ များနေတော့ ဈေးပဲ ကျသွားတာပါ။ မြိတ်ကို ဧည့်သည်တွေ အဝင်များတော့ ပိုရောင်းရပါတယ်” လို့ မြိတ်မြို့ ကလွင်ကျေးရွာရှိ မေ လက်ဆောင်ပစ္စည်း အရောင်းဆိုင်မှ ဒေါ်စန္ဒာငြိမ်းက ပြောပါတယ်။

သဘာဝငှက်သိုက်ကို သူ့သဘာဝအတိုင်း ရောင်းချခဲ့ပေမယ့် လက်ရှိမှာ ဖန်ပုလင်းတွေနဲ့ တပိုင်တနိုင် ငှက်သိုက်ပေါင်းရည်တွေ ရောင်းချမှုတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

သတင်း - ဇော်ဇော်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013