DVB Logo
Home
မြန်မာသတင်း
တာမွေတွင် တရုတ်နိုင်ငံသား၂ ဦး အကြွေးတောင်းရာမှာ ရန်ဖြစ်၊ ၁ ဦး ဒဏ်ရာရ
DVB
·
February 2, 2018
တာမွေတွင် တရုတ်နိုင်ငံသား၂ ဦး အကြွေးတောင်းရာမှာ ရန်ဖြစ်၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

ရန်ကုန်မြို့ တာမွေမြို့နယ် အရိုးကုန်းရပ်ကွက်မှာ တရုတ်နိုင်ငံသား ၂ ဦး၊ ဇန်နဝါရီလ ၃၁ ရက် မွန်းလွဲပိုင်းက အကြွေးတောင်းရာမှာ အချင်းချင်း စကားများ ရန်ဖြစ်ပြီး ၁ ဦး ဒဏ်ရာရသွားတယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အရိုးကုန်းလမ်း အမှတ် (၉) ဒုတိယထပ်ရှိ Shin Hein Myanmar ဟန်းဆက် အရောင်းကုမ္ပဏီရုံးခန်းမှာ တရုတ်နိုင်ငံသား Mr.Xu Zheng Yong (၅၀-နှစ်) ဟာ ကုမ္ပဏီဝန်ထမ်းတွေနဲ့ အတူရှိနေစဉ် သူနဲ့ ခင်မင်ရင်းနှီးတဲ့ တရုတ်နိုင်ငံသား Mr.Sang Qui Lin (၅၂-နှစ်) ရောက်ရှိလာကာ အကြွေးတောင်းရာ စကားများခဲ့ကြတာလို့ ဆိုပါတယ်။

စကားများ ရန်ဖြစ်ပြီး  Mr.Xu Zheng Yong က ကြွေရေနွေးအိုးနဲ့ ရိုက်ခဲ့လို့ Mr.Sang Qui Lin ဦးခေါင်းနောက်စေ့၊ ခါးနဲ့ လက်တွေမှာ ဒဏ်ရာရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရပြီး  နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြေလည်မှု ရရှိခဲ့လို့ အမှုမဖွင့်လှစ်ခဲ့ဘူးလို့ သိရပါတယ်။

အလားတူ တာချီလိတ်မြို့မှာလည်း တရုတ်နိုင်ငံသား ၁ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးတို့ကို မြန်မာနိုင်ငံထဲမှာ ရက်ပေါင်း ၃၀ တရားဝင် နေထိုင်ခဲ့ချိန်မှာ သက်ဆိုင်ရာဌာနကို သတင်းပို့ဖို့ ပျက်ကွက်ခဲ့ပြီး ဗီဇာစည်းကမ်း ချိုးဖောက်ခဲ့လို့  စစ်ဆေး အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013