DVB Logo
Home
မြန်မာသတင်း
ပြန်လည်ထူထောင်ရေးဦးစီးဌာနသစ် တိုးချဲ့ဖွဲ့စည်း
DVB
·
February 2, 2018
ပြန်လည်ထူထောင်ရေးဦးစီးဌာနသစ် တိုးချဲ့ဖွဲ့စည်း
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနသစ်ကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဇန်န၀ါရီ ၃၀ ရက်က စတင်ဖွဲ့စည်းလိုက်တဲ့ ဌာနအသစ်အနေနဲ့ မသန်စွမ်းသူတွေ၊ မူးယစ်ဆေးဖြတ်ပြီးသူတွေ၊ လူကုန်ကူးခံရသူတွေ၊ လိင်ကုန်ကူးခံရသူတွေ၊ ရင်ခွင်မဲ့ကလေးတွေ၊ ကလေးစစ်သားတွေ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသူတွေ၊ အမှုရင်ဆိုင်နေရတဲ့ ကလေးတွေ၊ လမ်းပေါ်ရောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ပြည့်တန်ဆာ ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ သဘာဝဘေးဒဏ်ခံ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ပေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အရင်က အဆိုပါဝန်ကြီးဌာန လက်အောက်မှာ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဆိုပြီး ဦးစီးဌာန နှစ်ခုနဲ့ ဖွဲ့စည်းထားရှိရာမှ အခုအခါ သုံးခုမြောက်ဦးစီးဌာနကို ထပ်မံဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် အရင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန အမည်ကိုလည်း “ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန”အဖြစ် အမည်အသစ် ပြောင်းလဲလိုက်တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo : MSWRRMyanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013