DVB Logo
Home
မြန်မာသတင်း
အောင်ရဲထွေး သေဆုံးမှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို လူသတ်မှုဖြင့် တရားစွဲ
DVB
·
February 1, 2018
အောင်ရဲထွေး သေဆုံးမှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို လူသတ်မှုဖြင့် တရားစွဲ
Donate to DVB

 

လူမှုကွန်ရက်စာမျက်နှာမှာ ဟာသဗီဒီယိုတွေနဲ့ လူသိများလာတဲ့ ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုလိုက်တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံး ဒု ခရိုင်တရားသူကြီး ဦးမိုးကျော်က ပြောပါတယ်။

သေဆုံးသူအောင်ရဲထွေးကို ရိုက်နှက်ခဲ့တဲ့ သန်းထွဋ်အောင် (ခ)သားကြီး၊ ကျော်ဇောဟန် (ခ) ကျော်ဇောနဲ့ ပြည့်ဖြိုးအောင်(ခ) အောင်လေးဆိုသူတို့ကို ဇန်နဝါရီ ၄ ရက်နေ့မှာ မိဘတွေက သင်္ကန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ လာရောက်အပ်နှံခဲ့တာဖြစ်ပါတယ်။

သန်းထွဋ်အောင်(ခ)သားကြီးရဲ့ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနဲ့  သင်္ဃန်းကျွန်း မြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ ၃ ဦးက ဇန်နဝါရီ ၁ ရက်နေ့ မနက် ၃ နာရီလောက်က The One Entertainment ဝင်းတွင် ပြုလုပ်တဲ့ The Space ပါတီပွဲရောက်ရှိစဉ် VVIP စင်ပေါ်မှာ ကခုန်နေတဲ့ အမျိုးသားက အရင်ကခိုက်ရန်ဖြစ်ခဲ့ဖူးတဲ့ တစ်ဦးဖြစ်တဲ့အတွက် ဒေါသဖြစ်ကာ စင်ပေါ်သို့ တက်ပြီး သူတို့သုံးဦး မှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်နဲ့ ကန်ကြောက်ခဲ့တာကြောင့် လဲကျသွားခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးဟာ ဒဏ်ရာရရှိကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ တက်ရောက် ကုသခဲ့ရာမှ ဇန်နဝါရီ ၂ ရက်မှာ သေဆုံးသွားတာဖြစ်ပါတယ်။

လာမယ့်ရုံးချိန်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ချိန်းဆိုထားပြီး လက်ရှိမှာ သန်းထွဋ်အောင်(ခ) သားကြီးအပါအဝင် ၃ ဦးကို သုဝဏ္ဏနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013