DVB Logo
Home
မြန်မာသတင်း
၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု အရွက် ၃၀၀ ကျော် သိမ်းဆည်းရမိ
DVB
·
February 1, 2018
၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု အရွက် ၃၀၀ ကျော် သိမ်းဆည်းရမိ
Donate to DVB

 

ကျောက်တန်းမြို့နယ်မှာ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၁၅ ရွက် သိမ်းဆည်းရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၃၁ ရက် မနက် ၁၁ လောက်က ကျောက်တန်းမြို့နယ် အစဲကျေးရွာနေ သန်းလှိုင် ၄၂ နှစ် ဟာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို စိုက်ပျိုးစရိတ်ချေးငွေ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူ ၃၁၅ ရွက် လာရောက်အပ်နှံခဲ့ရာ အတုတွေ ဖြစ်ကြောင်း စိစစ်တွေ့ရလို့ ဘဏ်မန်နေဂျာက ကျောက်တန်းမြို့မရဲစခန်းကို လာရောက် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

သန်းလှိုင်အား နဲ့ ငွေစက္ကူအတုပြုလုပ်သူ (စိစစ်ဆဲ) တို့အား ကျောက်တန်းမြို့မရဲစခန်းက (ပ)၃၇/၂၀၁၈ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ငွေစက္ကူအတုတွေကို မှုခင်းရဲတပ်ဖွဲ့က ပဏာမစိစစ်ခဲ့ရာ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောခြင်း၊ အစစ်ထက် အလျားနဲ့ အနံ ၁ မီလီမီတာ တိုခြင်း၊ အရောင်တောက်ပမှုမရှိခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာပုံရိပ်သာပါရှိခြင်း၊ လုံခြုံရေးကြိုးမှာ အရောင်ပြောင်းလဲမှု မရှိခြင်း၊ ကာလာပရင်တာနည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက်ချက်များ မပါရှိခြင်းတို့တွေ့ရှိရပြီး ထိုင်းနိုင်ငံ နယ်စပ်မှ တုပဝင်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013