ဒေါ်အောင်ဆန်းစုကြည်ခြံဝင်းထဲ မီးလောင်စေသည့် ပုလင်းပစ်ပေါက်သူဓာတ်ပုံ ရဲထုတ်ပြန် (ရုပ်သံ)
DVB
·
February 1, 2018
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်းကို မီးလောင်စေတဲ့ပုလင်း ပစ်ပေါက်ခဲ့သူရဲ့ ဓာတ်ပုံကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ / ၅၆ ခြံဝန်းအတွင်းသို့ မီးလောင်စေတဲ့ ပုလင်းပစ်ပေါက်ခဲ့တဲ့ တရားခံကို ဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်းသတင်းပေးရန်ဆိုပြီး တိုင်းရဲသတင်းမှာ ဖော်ပြပါတယ်။
အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးရဲ့ အင်တာနက်စာမျက်နှာမှာလည်း “အလိုရှိသည်”ဆိုပြီး “ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဌာန်မှာ အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ် ၅ ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ မြန်မာလိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၊ ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှပ်ပန်းရောင်၊ ပလေကပ်လုံချည်အပြာကွက်ကျဲ ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကူညီစုံစမ်း သတင်းပေးပါဆိုပြီး ရဲစခန်းဖုန်းတွေနဲ့တကွ တင်ထားတာ တွေ့ရပါတယ်။