DVB Logo
Home
မြန်မာသတင်း
ရက်ကန်းလုပ်ငန်းမှ ထွက်သည့် ဆေးဆိုးရေများ စွန့်ပစ်ရန် အခက်အခဲရှိနေ
DVB
·
February 1, 2018
ရက်ကန်းလုပ်ငန်းမှ ထွက်သည့် ဆေးဆိုးရေများ စွန့်ပစ်ရန် အခက်အခဲရှိနေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ လုံချည်တွေရက်လုပ်ရာမှာ အသုံးပြုတဲ့ ချည်မျှင်ဆေးဆိုးရေတွေကို သန့်စင်ပြီးမှ စွန့်ပစ်ဖို့ အရင်းအနှီးကြီးတာကြောင့် အခက်အခဲ ရှိတယ်လို့ ဒေသခံ ရက်ကန်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

ရက်ကန်းလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးလှမျိုးက “ဂျပန်က လုပ်တဲ့ ရေဆိုးသန့်စင်စက်နဲ့ ဆေးဆိုးရေ သန့်စင်ပြီး စွန့်ပစ်ဖို့က အခက်အခဲရှိတယ်။ အဲဒီရေဆိုးသန့်စင်တဲ့ စက်အငယ်တလုံးရဲ့ တန်ဖိုးက ရက်ကန်းစက်ရုံ ၁ ရုံမှာ လည်ပတ်နေတဲ့ အရင်းအနှီးထက် အများကြီး ပိုနေတယ်။ အဲဒါကို လုပ်ချင်တဲ့ဆန္ဒတော့ ရှိတယ်။ ငွေရင်းဖို့ မတတ်နိုင်ကြဘူး”လို့ ပြောပါတယ်။

လုပ်ငန်းရှင် ဦးဟန်ဌေးက “ရက်ကန်းလုပ်ငန်းအနေနဲ့ ပရုတ်လုံးလိုပဲ တဖြည်းဖြည်း လုံးပါးပါးလာတယ်။ အလုပ်သမားကောင်းခက်တယ်။ အထည်ဈေးက မကောင်းဘူး။ တရုတ်ပုဆိုးတွေက ဈေးကွက်ထဲ ရောက်လာတယ်။ ဆေးဆိုးရေကို သန့်စင်ပြီး စွန့်ပစ်ဖို့ သန့်စင်စက်ဆိုတာ မလွယ်တဲ့ အရင်းအနှီးပဲ။ အခုတော့ ကားနဲ့သယ်၊ လွတ်ရာကို သွားသွန်တယ်။ အဲဒါတောင် အတော်အားစိုက် လုပ်နေရတယ်”လို့ ပြောပါတယ်။

ထီးလှိုင်ရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က “ရွာထိပ်မှာ ဂျပန်က ဆေးဆိုးရေသန့်စင်တဲ့ စက်တလုံး နမူနာအနေနဲ့ လာလုပ်ထားတယ်။ အတော်ကောင်းတယ်။ စက်တန်ဖိုးကလည်း သိန်း ထောင်ကျော်တန်တာ ဆိုတော့ ပုဂ္ဂလိကအနေနဲ့ လုပ်ဖို့ခက်တယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ်တခုလုံးမှာ စက်ရက်ကန်းစင်ပေါင်း ၃၀၀၀၀ လောက် ရှိနေပါတယ်။ တနေ့တာ ဆေးဆိုးရေ ထွက်ရှိမှု ခန့်မှန်းရေဂါလန် ၁ သိန်းလောက် ရှိပါတယ်။ ဆေးဆိုးရေ သန့်စင်တဲ့ စက်အငယ်တလုံးက တနေ့ကို ရေလီတာ ၂ သောင်း (ဂါလန် ၅ ထောင်) သန့်စင်နိုင်ပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013