DVB Logo
Home
မြန်မာသတင်း
ပြည်မြို့မှာ ကျင်းပတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အပ်စိုက် မီးနင်းပွဲ (ဓာတ်ပုံ)
DVB
·
February 1, 2018
ပြည်မြို့မှာ ကျင်းပတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အပ်စိုက် မီးနင်းပွဲ (ဓာတ်ပုံ)
1 / 7
Donate to DVB

ဟိန္ဒူဘာသာဝင်တွေ အပ်စိုက် မီးနင်းတဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး  ပြည်မြို့မှာ ရှရီရော့ဆွာမိ လူသူတော်စင်ကြီးရဲ့ အထိမ်းအမှတ်အနေနဲ့ ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။

နောက်ဆုံးနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ မြို့တွင်းကို လမ်းလျှောက်လှည့်ပြီး ရှရီရော့ဆွာမိ ရုပ်တုတည်ရှိတဲ့ ဘုရားကျောင်းမှာ မီးနင်းခဲ့ကြပါတယ်။

ဂေါပကအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးထွန်းလင်းက “အခုလို ဘာသာရေး ယုံကြည်ကိုးကွယ်သူတွေက သူတို့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ ကျန်းမာဖို့အတွက် ရည်စူးပြီး အခုလို ပါဝင် လုပ်ဆောင်နေကြတာ”လို့ ပြောပါတယ်။

ဒီဘာသာရေး အခမ်းအနားကို ပြည်ခရိုင်နဲ့ ပဲခူးခရိုင် အပါအဝင် အခြားနယ်မြို့တွေက လာရောက်ခဲ့ပြီး အခုတရက်တည်းမှာပဲ ဘုရားကျောင်းရှိတဲ့ မြို့တွေမှာလည်း တချိန်တည်း ကျင်းပခဲ့ကြသလို ဘာသာဝင်မဟုတ်တဲ့ ယုံကြည်သူတွေပါ လာရောက်ခဲ့ကြတယ်လို့ ပူဂျာရီ ဆရာ ရှရီနာရာယနန်က ဆိုပါတယ်။

ဒီဘာသာရေးအခမ်းအနားကို မတိုင်ခင် ကြိုတင် ဥပုသ်သီလ ခံယူကြပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဧရာဝတီမြစ်ထဲမှာ ရေချိုးသန့်စင်ကြပါတယ်။

အဲဒီနောက်မှာ အပ်စိုက်ပွဲ ပြုလုပ်ပြီး မြို့တွင်းက ဘုရားကျောင်းတွေကို လှည့်လည် ဝင်ရောက် ဂါရဝပြုကြပြီး နောက်ဆုံး မီးဖိုထားတဲ့ ဘုရားကျောင်းကို ရောက်ရှိကာ မီးနင်းပွဲ ဆင်နွှဲခဲ့ကြပါတယ်။

သတင်း - မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013