DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီ အပစ်ရပ်စာချုပ်လက်မှတ်ထိုးမည့်ကတိက၀တ် ငြိမ်းချမ်းရေး ခြေတလှမ်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
February 1, 2018
မွန်ပြည်သစ်ပါတီ အပစ်ရပ်စာချုပ်လက်မှတ်ထိုးမည့်ကတိက၀တ် ငြိမ်းချမ်းရေး ခြေတလှမ်းဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

 

မွန်ပြည်သစ်ပါတီက အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ ကတိက၀တ် ပြုခဲ့တာကို မွန်တိုင်းရင်းသားတွေနဲ့ ပြည်သူတွေက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပြီး ဒါဟာ ငြိမ်းချမ်းရေး ခြေတလှမ်းလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သ၀ဏ်လွှာမှာ ပြောဆိုဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရှေ့ဆက်ပြီးတော့လည်း အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို လျှောက်လှမ်းရာမှာ  အခြားသော တိုင်းရင်းသားညီအကိုမောင်နှမများနဲ့အတူ မွန်တိုင်းရင်းသား တွေကလည်း စုစည်းညီညွတ်စွာ တွဲလက်မဖြုတ်စတမ်း လျှောက်လှမ်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်ကောင်း တောင်းပါတယ်။

တိုင်းရင်းသားတွေနဲ့ လက်တွဲပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ မျှော်မှန်းချက်ဖြစ်တယ်။ ဖက်ဒရယ်စနစ်လို့ဆိုရာမှာ တိုင်းရင်းသားတို့ရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံတဲ့ စစ်မှန်တဲ့ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်လာဖို့အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ၂၁ ရာစုပင်လုံ ညီလာခံကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

ဟံသာဝတီမင်းနေပြည်တော်ကြီး စတင်ထူထောင်ခဲ့တဲ့ တပိုတွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့လို့သတ်မှတ်ပြီး ၁၉၄၈ခုနှစ်ကတည်းက ကျင်းပလာခဲ့တာ ဒီနှစ်မှာ ၇၁ ကြိမ်မြောက် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013