DVB Logo
Home
မြန်မာသတင်း
တနိုင်းဒေသတိုက်ပွဲကြားပိတ်မိသူများ ရေနှင့်အစာအခက်ကြုံ
DVB
·
January 31, 2018
တနိုင်းဒေသတိုက်ပွဲကြားပိတ်မိသူများ ရေနှင့်အစာအခက်ကြုံ
Donate to DVB

 

ကချင်ပြည်နယ် တနိုင်းဒေသ ရွှေနဲ့ ပယင်းမှော်တွေက တိုက်ပွဲတွေကြားမှာ ပိတ်မိနေသူတွေဟာ ရက်ကြာလာတာနဲ့အမျှ ရေနဲ့ အစားအစာတွေ အခက်အခဲကြုံတွေ့နေကြပါတယ်။

ဒီလအစပိုင်းကပဲ ကေအိုင်အေနဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ကြပြီး မှော်တွေမှာ နေထိုင်လုပ်ကိုင်တဲ့ ရွေ့ပြောင်းအလုပ်သမာတွေနဲ့ ဒေသခံတွေ ပိတ်မိနေကြတာပါ။

လက်ရှိမှာ မှော်တွေက လူတွေအားလုံးဟာ နမ့်ကွမ်းရွှေမှော်တဝိုက်နဲ့ ဆမတ်ဂိတ် ၀န်းကျင်မှာ ရှိနေကြပါတယ်။

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကူညီရေးအဖွဲ့ရဲ့ ပြောခွင့်ရှိသူ ဆရာနော်တောင်က “ဒီနေ့အထိ အမျိုးသမီးနဲ့ ကလေး ၈၀၀ ကျော်ကိုတော့ ပြန်လွှတ်လိုက်ပြီ။ မြို့ပေါ်က ၁၀၀ ကျော်လောက်ပဲ ရောက်သေးတယ်လို့ သိရတယ်။ ဒီမှာ ကျန်နေတာက အမျိုးသားတွေ ၂ ထောင်ကျော်လောက် ရှိမယ်။ ပါလာတဲ့ ရိက္ခာတွေလည်း ကုန်တော့မယ်။ ရေလည်း ကောင်းကောင်းမရှိဘူး။ တချို့ကတော့ နေမကောင်းဖြစ်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ စိစစ်နေတဲ့ အခြေအနေအရ ရက်ကြာမယ့်ပုံစံရှိနေပြီး ကူညီမယ့် အဖွဲ့တွေကို မျှော်လင့်တယ်လို့လည်း သူက ဆိုပါတယ်။

မှော်မှာ ပိတ်နေသူတွေကို စစ်တပ်က မှတ်ပုံတင်၊ နာမည် စတာတွေကို စစ်ဆေးပြီး တနိုင်းဘက်ကို စက်လှေတွေနဲ့ ပြန်ခိုင်းနေတာပါ။

တနိုင်းမြို့ပေါ်ကို ရောက်လာတဲ့ အမျိုးသမီး တယောက်က “ပိတ်မိတဲ့ နေရာကနေ နမ့်ကွမ်းပေါက်ဝ ကူးတို့ဆိပ်ကို လမ်းလျှောက်ရပြီး အဲဒီကမှ စက်လှေနဲ့ လာရတာပါ။ စက်လှေခ၊ သုံးဘီးဆိုင်ကယ်ခ စတာတွေက တယောက်ကို တသောင်းကျော်လောက်ကုန်တယ်”လို့ ပြောပါတယ်။

လွတ်မြောက်လာသူတွေကို မြို့ပေါ်မှာ ထားတာ မဟုတ်ဘဲ မြို့ပြင်က လမုန်ရွာမှာ ခဏနေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ရပ်ဝေးဒေသကလူတွေကို ကားတွေနဲ့ ပို့ပေးဖို့ အုပ်ချုပ်ရေးပိုင်းက စီစဉ်ထားတယ်လို့  ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကူညီရေးအဖွဲ့ ပြောခွင့်ရှိသူ ဆရာနော်တောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013