DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်းလက်နက်အမှုအတွက် တရားလိုပြသက်သေများကို စစ်ဆေး
DVB
·
January 31, 2018
ဖြိုးကိုကိုတင့်ဆန်းလက်နက်အမှုအတွက် တရားလိုပြသက်သေများကို စစ်ဆေး
Donate to DVB

 

လက်နက်နဲ့မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ဖြိုးကိုကိုတင့်ဆန်းကို တရားစွဲထားတဲ့ ပြစ်မှုတွေထဲက လက်နက်အမှုက တရားလိုသက်သေ ၂ ဦးကို ဒီကနေ့ ဇန်န၀ါရီ ၃၁ ရက်က နေပြည်တော်မှာ တရားရုံးထုတ်စစ်ဆေးပါတယ်။

ဒက္ခိဏခရိုင်တရားရုံး ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက  “နောက်တစ်ပတ်ကြတော့ ၇ ရက်နေ့ကို ချိန်းထားတယ်။ ဒီကနေ့ကတော့ လက်နက်မှု ၂ မှု အတွက် လိုပြသက်သေတွေကို အပြန်အလှန်စစ်ဆေးတာပေါ့။ လက်နက်အမှု ၁၉ (စ)၊ ၁၉ (က)ရယ်တွေကို စစ်တာပေါ့”လို့ ပြောပါတယ်။

ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်တာဖြစ်ပြီး လာမယ့် ၇ ကြိမ်မြောက်ရုံး ထုတ်မှာတော့ သွင်းကုန်ပို့ကုန်ပုဒ်မ၊ ဆက်သွယ်ရေးပုဒ်မနဲ့ နိုင်ငံအထိမ်းအမှတ် တံဆိပ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာတွေအတွက်  လိုပြသက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်း အပါအ၀င် ၈ ဦးဟာ ပြစ်မှုပုဒ်မ ၁၀ မှုအထိ တရားစွဲဆို ခံထားရတာဖြစ်ပြီး စွဲဆိုခံထားရတဲ့ ပြစ်မှုအားလုံးမှာဖြိုးကိုကို တင့်ဆန်းပါဝင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013