
ပုဂ္ဂလိကဘဏ်တွေမှာ ပင်စင်လခစားဝန်ထမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မှုနည်းတဲ့အခြေခံနဲ့ အလယ်လတ်တန်းစားတို့ရဲ့ အပ်နှံငွေ ဘီလီယံ ၂၂၀၀၀ ရှိတယ်လို့ မြန်မာနိုင်ငံဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်း တရားဝင်ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
“ပုဂ္ဂလိက ဘဏ်တွေမှာ အပ်နှံထားငွေကိုကြည့်မယ်ဆိုရင် အပ်နှံငွေစုစုပေါင်း ၂၇၀၀၀မှာ saving and fxed Deposit ဟာ ၂၂၀၀၀ ရှိသဖြင့် အပ်နှံငွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ အဆိုပါ စုဆောင်းငွေတွေဟာ အခြေခံနဲ့ အလယ်လက်လူတန်းစားများနဲ့ ပင်စင်လစာကို မှီခိုကြရတဲ့ ပင်စင်စားတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ များစွာ ဆက်စပ်မှုမရှိတဲ့ ပြည်သူတွေရဲ့ အပ်နှံငွေတွေဖြစ်တယ်။”
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အပ်ငွေအတိုးနှုန်းကို ၈ ရာခိုင်နှုန်းထက် နည်းပါးခြင်းမရှိစေရလို့ ထုတ်ပြန်ထားပါတယ်။
ဘဏ်တိုးနှုန်း လျော့ချပေးဖို့ ကိုယ်စားလှယ်တစ်ဦးက တင်ပြဆွေးနွေးထားပေမယ့် ပင်စင်လစာစားဝန်ထန်းနဲ့ အောက်ခြေ ပြည်သူတွေ မထိခိုက်စေဖို့ အတိုးနှုန်း ပြင်ဆင်ပေးဖို့ မရှိဘူးလို့လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။











