DVB Logo
Home
မြန်မာသတင်း
အဆိုတော် ထူးအယ်လင်း အလုပ်နှင့် ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရ
DVB
·
January 31, 2018
အဆိုတော် ထူးအယ်လင်း အလုပ်နှင့် ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရ
Donate to DVB

 

မူးယစ်ရမ်းကားမှုနဲ့တရားစွဲဆိုခံထားရတဲ့ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ပရာကို ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဒဂုံမြို့နယ်တရားရုံးကနေ အပြီးသတ် အမိန့်ချမှတ်ခဲ့ရာမှာ အဆိုတော် ထူးအယ်လင်းဟာ ပြစ်မှုထင်ရှားတာကြောင့် အလုပ်နဲ့ထောင်ဒဏ် တစ်လချမှတ်ခဲ့ပြီး ကော်ပရာကတော့ အမှုက လွတ်မြောက်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ၂၀၁၇ခုနှစ် ဇွန်လ ၂၂ ရက်နေ့ညက အဆိုတော်နှစ်ယောက်ဟာ ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာ SOLUNAVIOS ငွေမင်ရောင် ကားနဲ့အတူ အရက်သေစာ သောက်စားထားတဲ့ အဆိုတော် ထူးအယ်လင်း (၄၈ နှစ်)နဲ့ ကော်ဘရာ (၃၅ နှစ်) တို့နှစ်ဦးသာ တွေ့ရှိခဲ့ပြီး ဆက်လက်စစ်ဆေးရာ ၎င်းတို့ စီးနင်းတဲ့ ယာဉ်ပေါ်မှာ အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်း တစ်လက်ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့တာကြောင့်ရဲက အရေးယူခဲ့တာပါ။

ထို့နောက် ဒဂုံမြို့မရဲစခန်း (ပ)၁၀၃/၂၀၁၇ ၊ရန်ကုန် ရဲအက်ဥပဒေပုဒ်မ ၃၀ (က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ဇွန်လ ၂၂ ရက်မှာ တရားရုံးသို့ အမှုတွဲတင်ပို့ တရားစွဲဆိုခဲ့တာပါ။

ဒဂုံမြို့နယ် တရားရုံးက ၂၀၁၇ ဇွန် ၂၃ ရက်နေ့မှာ အမှုကိုစစ်ဆေးပြီး ၎င်းတို့ ၂ ဦးရဲ့ အာမခံလျှောက်ထားမှုကို အာမခံပေးခဲ့တဲ့အတွက် အဆိုတော် ၂ ဦးဟာ အာမခံနဲ့ ပြင်ပမှာ နေထိုင်ပြီး အမှုရင်ဆိုင်ခဲ့တာပါ။

ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က) နဲ့ အမှုဖွင့်တရားစွဲထားတဲ့ အဆိုတော် ထူးအယ်လင်းနဲ့ ကော်ဘရာတို့ အမှုကို ဒဂုံမြို့နယ် တရားရုံးက အချိန် ၈ လနီးပါး အချိန်ယူစစ်ဆေးခဲ့ပြီးမှ အမိန့်ချမှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013