DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
January 31, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၅၂,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၁၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲစင်းငုံ
ပဲစင်းငုံနီကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၁၅,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက် ၁ တန်ကို ၁၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၆၅ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၁,၈၅၀ ကျပ် ရှိပါတယ်။

ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၃၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၅၆၅ ကျပ်ကနေ ၁,၉၁၅ ကျပ် ရှိပါတယ်။

စွန်တာပဲ
စွန်တာပဲကတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၂,၁၇၅ ကျပ် ရှိပြီး ၁ ပိဿာကို ၁၂၀ ကျပ် ဈေးတက်လာပါတယ်။

ငရုတ်ပွ (ဆင်ဖြူကျွန်း)
ငရုတ်ပွ (ဆင်ဖြူကျွန်း) ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၅၀၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးကတော့ ၁၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂,၅၀၀ ရှိပါတယ်။

ထန်းလျက်
ထန်းလျက်ကတော့ ဒီနေ့မှာ ၁ ပိဿာကို ၉၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

အာလူး
အာလူးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၂၅၀ ကျပ်ကနေ ၈၅၀ ကျပ် ရှိပါတယ်။

ဖော်ပြပါသီးနှံဈေးနှုန်းတွေထဲက-

မတ်ပဲ (FAQ) ကတော့ တလအတွင်း ၁ တန်ကို ငွေကျပ် ၄၀,၀၀၀ ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။

ရန်ကုန် ဝယ်လက်သမားတွေက ပဲအဟောင်း လက်ကျန်တွေ များတဲ့အတွက် ဝယ်ယူမှုကို လျှော့ချရာမှ ဈေးက တဖြည်းဖြည်း လျော့နည်းလာတာ ဖြစ်ပါတယ်။ ဈေးလျော့တာနဲ့အမျှ ရောင်းချမှုကလည်း လျော့ကျသွားပါတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာမတ်ပဲ (FAQ)ကို  အိန္ဒိယနိုင်ငံမှာလည်း ၁ တန်ကို ၄၅၅ ဒေါ်လာနဲ့ ဝယ်ယူမှု ရှိခဲ့ပြီး နိုင်ငံတွင်းမှာလည်း ပဲအသစ်တွေ ဆက်တိုက်ဝင်လို့ ဈေးက ဆက်ပြီး အေးနိုင်လို့လည်း အိန္ဒိယကုန်သည်တွေက သုံးသပ်ထားပါတယ်။

မတ်ပဲ အသစ်တွေကတော့ နယ်အချို့မှာ ဝင်လာပြီး အရည်အသွေးအလိုက် ဈေးကောင်း ရရှိနေပါတယ်။ လက်ရှိမှာ မတ်ပဲက ၁ တင်းကို ၁၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၇,၅၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။

နောက်ထပ် သီးနှံတခုကတော့ ပဲစင်းငုံနီပဲ ဖြစ်ပါတယ်။ တလအတွင်း ထူးခြားစွာ ဈေးအပြောင်းအလဲ မရှိခဲ့ပါဘူး။ သောင်းဂဏန်းလောက်သာ ဈေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။

နေ့စဉ် နယ်အသီးအသီးက ပုံမှန် ပဲအသစ်တွေ ဝင်ရောက်နေပြီး ဝယ်ယူမှုကလည်း ပုံမှန်ရှိတဲ့အတွက် ဈေးက မကျဘဲ ငြိမ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ပဲအသစ်တွေကတော့ ပဲအဟောင်းနဲ့ ယှဉ်ရင် ဈေးကောင်း ပိုရနေပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ ထုတ်လုပ်မှု လျှော့ချတဲ့အတွက် ပြည်ပ ပဲတွေကို ပိုမိုဝယ်ယူနေတယ်လို့ သိရပါတယ်။ မြန်မာ ပဲစင်းငုံနီကို အိန္ဒိယက ၁ တန်ကို ၃၆၅ ကနေ ၃၇၅  ဒေါ်လာနဲ့ ဝယ်ယူမှုရှိပြီး ရေရှည်ဈေးတက်နိုင်တယ်လို့ ကုန်သည်တွေက ဆိုထားပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013