DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဖြတ်ခန်းအတွက် မိုင် ၁၀၀၀ ကျော်ခရီးရှည် စက်ဘီးစီး၍ ရန်ပုံငွေရှာ
DVB
·
January 31, 2018
မူးယစ်ဆေးဖြတ်ခန်းအတွက် မိုင် ၁၀၀၀ ကျော်ခရီးရှည် စက်ဘီးစီး၍ ရန်ပုံငွေရှာ
1 / 3
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း မိုင်းကိုးပြည်သူ့စစ်အဖွဲ့က မြေနေရာ လှူဒါန်းထားတဲ့ ရန်ကုန်ရွာမှာ တည်ဆောက်ထားတဲ့ မူးယစ်ဆေးဖြတ်ခန်းအတွက် စက်ဘီးစီးသမားတွေက ခရီးရှည် စက်ဘီးစီးပြီး ရန်ပုံငွေ ရှာဖွေနေပါတယ်။

ကိုနေဇာ ဦးဆောင်တဲ့ စက်ဘီးသမား ၇ ဦးက ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ တာချီလိတ်-ပူတာအို မိုင်တထောင်ကျော် ခရီးကို ရက်ပေါင်း ၂၀ ခရီးနှင်ကာ ရန်ပုံငွေ ရှာနေကြတာပါ။

စက်ဘီးစီးသမားတွေ မန္တလေးမြို့ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ရောက်ရှိလာရာမှာ မန္တလေးက လုပ်ငန်းရှင် ဆယ်ဦးက ကျပ်သိန်းရှစ်ဆယ်ကို လှူဒါန်းပေးခဲ့ပါတယ်။

ဆေးဖြတ်စခန်းမှာ လက်ရှိအချိန်ထိ ဆေးဖြတ်နေသူ ၆၃ ဦးရှိပြီး ဆေးဖြတ်ကာ နေရပ်ပြန်ဖို့ ပြန်လည်ခေါ်ဆောင်မယ့်သူ မရှိလို့ စခန်းမှာ ဆက်လက်နေထိုင်မယ့်သူ ၂၀ ကျော်ကိုလည်း စခန်းက တာဝန်ယူစောင့်ရှောက်ထားပါတယ်။

ဆေးဖြတ်စခန်းမှာ အနယ်နယ်အရပ်ရပ်က ဆေးဖြတ်မယ့်သူတွေကို လက်ခံ ဆောင်ရွက်ပေးနေပြီး အသက်မွေးဝမ်းကျောင်းပညာတွေကိုလည်း သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် ရပ်ရွာအခြေပြု ဆေးဖြတ်စခန်းဖြစ်လို့ ရန်ပုံငွေ လိုအပ်ချက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013