DVB Logo
Home
မြန်မာသတင်း
လုံခြုံရေးကင်မရာများ တပ်ဆင်ကြရန် လုပ်ငန်းရှင်များကို ကလေးမြို့ ရဲတပ်ဖွဲ့ အကူအညီတောင်း
DVB
·
January 31, 2018
လုံခြုံရေးကင်မရာများ တပ်ဆင်ကြရန် လုပ်ငန်းရှင်များကို ကလေးမြို့ ရဲတပ်ဖွဲ့ အကူအညီတောင်း
Donate to DVB

ကလေးမြို့ပေါ်က လုယက်ရိုက်နှက်မှုတွေ အပါအဝင် မှုခင်းတွေမှာ တရားခံ ဖော်ထုတ်နိုင်ဖို့နဲ့ ညပိုင်း ယာဉ်အန္တရာယ် လျော့ပါးရေးအတွက် အစဉ်မပြတ် စောင့်ကြည့်နိုင်ဖို့အတွက် လုံခြုံရေးကင်မရာတွေ တပ်ဆင်ကြဖို့ ကလေးမြို့ရဲတပ်ဖွဲ့က လုပ်ငန်းရှင်တွေထံ အကူအညီတောင်းခံလိုက်ပါတယ်။

ဘဏ်လုပ်ငန်းရှင်တွေနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ လမ်းမကြီးဘေးရှိ သက်ဆိုင်ရာ လုပ်ငန်း အဆောက်အဦတွေမှာ  လမ်းမပေါ်အထိ မြင်နိုင်တဲ့ လုံခြုံရေးကင်မရာ တပ်ဆင်ပေးကြဖို့ ဖိတ်ခေါ် အကူအညီတောင်းထားတယ်လို့ ဘဏ်တာဝန်ရှိသူတဦးက ပြောပါတယ်။

ကလေးမြို့ ဧရာဝတီဘဏ်ခွဲ မန်နေဂျာ ဦးအောင်ဌေးလွင်က “ကလေးမြို့ အနေအထားဟာ အခုဆို အန္တရာယ်တွေ များလာတယ်။ ညတိုင်းလည်း ကျနော်တို့ ဘဏ်ရှေ့မှာ ပူးပေါင်းအဖွဲ့တွေနဲ့ လှုပ်ရှားနေရတာကို အကုန်လုံးလည်း မြင်နေရပါတယ်။ ဘဏ်တွေ အများစုက မိန်းလမ်းမကြီးဘေးတွေမှာ ဆိုတော့ လမ်းမပေါ်ကို မြင်နိုင်မယ့် မီးတွေ တပ်ဆင်ကူညီပေးဖို့နဲ့ CCTV ကင်မရာလေး ဘဏ်တခုကို တလုံးလောက် ထပ်တိုးတပ်ဆင်ဖို့နဲ့ ညဘက် လမ်းမပေါ်ကို အခြေအနေ သိနိုင်အောင် အကူအညီ တောင်းထားတယ်” လို့ ဆိုပါတယ်။

ကလေးမြို့မှာ ညဘက်ပိုင်း လုယက်ရိုက်နှက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အသက်သေဆုံးတဲ့အထိ မှုခင်းတခု ဖြစ်ပွားခဲ့သလို တချို့ မှုခင်းဖြစ်စဉ်တွေမှာ စခန်းကို အမှုဖွင့် တိုင်တန်းမှု မရှိဘဲ တိတ်တဆိတ် ဖြေရှင်းနေတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေအကြား သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဉာဏ်လှိုင်ဦးက “မြို့လုံခြုံရေးအရပေါ့နော်။ ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့လည်း ပြစ်မှုကျူးလွန်သူတွေကို တချီတည်းမှာပဲ ဆက်စပ်ပြီးတော့ ရှာဖွေစုံစမ်း ဖော်ထုတ်လို့ ရနိုင်အောင် အကူအညီအနေနဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ဒီလမ်းပေါ်မှာ လုံခြုံရေး ကင်မရာလေး တလုံးလောက် တပ်ဆင်ပေးကြဖို့ အကူညီတောင်းခဲ့တာပါ။ ဒါကလည်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လိုက်လို့ရအောင် စုံစမ်းလို့ရအောင် အကူအညီတောင်းတာ ဖြစ်တယ်။ ဒါတွေ ရှိနေရင်လည်း ကျနော်တို့အတွက် အထောက်အကူဖြစ်တယ်။ ဒါမှလည်း တရားခံ အမှန်ကို ဖော်နိုင်မယ်”လို့ ပြောပါတယ်။

လက်ရှိ ကလေးမြို့ပေါ်က ဘဏ်တွေမှာ လမ်းပေါ်အထိ ဖမ်းယူနိုင်တဲ့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတာ မရှိသေးဘဲ ဘဏ်ပရဝဏ်အတွင်းမှာသာ တပ်ဆင်ထားတာတွေ ရှိနေပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ကတော့ လုံခြုံရေးကင်မရာတွေကို တပ်ဆင်နိုင်ခြင်း မရှိသေးဘဲ လှည့်ကင်းတွေ အဖွဲ့ခွဲပြီး ညနေခင်းကနေ မနက်အထိ ကင်းလှည့်လုံခြုံရေး ပေးနေတယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013