DVB Logo
Home
မြန်မာသတင်း
ထိုးစစ်များရှောင်ရှားပြီး နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန်ကချင်ပါတီများတိုက်တွန်း
DVB
·
January 31, 2018
ထိုးစစ်များရှောင်ရှားပြီး နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရန်ကချင်ပါတီများတိုက်တွန်း
1 / 2
Donate to DVB

 

လတ်တလောကချင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့ကြား တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပေါ်မှာ ထိုးစစ်တွေရှောင်ရှားပြီး နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ ကချင်ပါတီတွေက  တိုက်တွန်း လိုက်ပါတယ်။

လက်ရှိအစိုးရက ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလမှာ ငြိမ်းချမ်းရေးကို ထိခိုက်စေတဲ့ ထိုးစစ်အားလုံးရှောင်ရှားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာဖို့ မနေ့က ထုတ်ပြန်တိုက်တွန်းထားတာပါ။

မြန်မာ့တပ်မတော်ဟာ သဘာဝသယံဇာတထိန်းသိမ်းရေးနဲ့ နယ်မြေရှင်းလင်းရေး အကြောင်းပြပြီး တနိုင်းဟူးကောင်းဒေသ၊ ပယင်းမှော်ရွှေမှော်နဲ့ ဧရာဝတီမြစ်အထက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်ထဲ ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေနဲ့တိုက်ပွဲဖြစ်ပြီး ပြည်သူတွေ တောတောင်ထဲမှာ အသက်လု ထွက်ပြေးနေရတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ကေဘီစီ-ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဒုအတွင်းရေးမှူး ဒေါက်တာအောင်လန်က တောထဲထွက်ပြေးနေသူတွေကို မြန်မာ့တပ်မတော်က ခေါ်ယူထိန်းသိမ်းထားပြီး အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ပေးနေပေမယ့် အမျိုးသားတွေကိုတော့ လူမျိုးအလိုက်ခွဲပြီး ထိန်းသိမ်းထားကြောင်းဒီဗွီဘီကို ပြောပါတယ်။

“တနိုင်းဘက်မှာ ပိတ်မိနေတဲ့ရွာသားတွေက မနေ့ညက ကျနော်တို့ဆီဖုန်းဆက်လာတယ်။ သူတို့ကို အစိုးရတပ်က ထိန်းထားတယ်တဲ့။ စစ်ကြောင်းသွားတဲ့အခါ လူထုတွေကိုအရှေ့က သွားခိုင်းပြီး စစ်သားတွေကနောက်က လိုက်လာတယ်။  ယောကျာ်းတွေက နှစ်ယောက်စီ စစ်သား တွေကြားထဲ ညှပ်ပြီးခေါ်သွားတယ်။ ကေအိုင်အေတပ်စခန်းနဲ့ နီးလာလို့ မိုင်းတွေဘာတွေ နင်းမိမှာလည်း သူတို့ကြောက်နေကြတယ်တဲ့။ ဘယ်ရွာနဲ့ နီးသလဲတော့ မပြောတတ်ဘူး။ ချောင်းဝနားမှာလို့တော့ ပြောတယ်။ စခန်းချတော့ ယောကျာ်းတွေဆိုရင် ကချင်လူမျိုးကသပ်သပ်၊ ကချင်မဟုတ်တဲ့ ရခိုင်တွေ၊ ကုလားတွေသပ်သပ်ခွဲထားတယ်။ ဖုန်းတွေအားလုံးလည်း သိမ်း လိုက်ပြီ။ မိန်းမတွေကိုတော့  တယောက်ကို ဆယ်မိနစ်လောက်စစ်ဆေးပြီး နည်းနည်းစီ ပြန်ခိုင်းတယ်။”

ရွာသားအားလုံး  ပြန်လွှတ်ပေးဖို့အတွက် ကချင်ပြည်နယ်တိုင်းမှူးဆီ သွားတွေ့ဖို့ ကေဘီစီကကြိုးစားခဲ့ပေမယ့် တိုင်းရုံးက တွေ့ခွင့်မပြုဘဲ ရွာသားတွေကို သူတို့ပဲ ကယ်မ ယ်ပြောခဲ့တယ်လို့လည်း ဒေါက်တာအောင်လန်က ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေကြား ဇန်န၀ါရီလ  ၁၉ မှ ၂၇ ရက်နေ့တွေအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ဒေသခံရွာသား ၄ ဦးသေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013