ဇန်နဝါရီ ၃၁ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

ဇန်နဝါရီလ ၃၁ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၃၀ ကျပ်၊ ၁ ယူရိုငွေကို ၁၆၅၀ ဒသမ ၈ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၁၀၁၄ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၂၁ ဒသမ ၇ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၁၀ ဒသမ ၃၁ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၉ ဒသမ ၉၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၄၀ ဒသမ ၉၄ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၂ ဒသမ ၃၄ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၄၂၈၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၄၃၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၃၄၀ ဒသမ ၃၀ ဒေါ်လာ ဈေးပေါက်ပါတယ်။











