DVB Logo
Home
မြန်မာသတင်း
မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ် ကားမီးရှို့ခံရ
DVB
·
January 31, 2018
မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ် ကားမီးရှို့ခံရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ် မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ဟာ ပုဏ္ဏားကျွန်း မြို့နယ်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သူ စီးလာတဲ့ကား မီးရှို့ခံလိုက်ရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ဒီမနက် ၈ နာရီက ဒီဗွီဘီကို ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘစုက “မီးရှို့ခံလိုက်ရတယ်။ ဘယ်သူ ရှို့တယ်ဆိုတာ မသိသေးဘူး။ အလောင်းကိုတော့ ပုဏ္ဏားကျွန်းဆေးရုံကို ပို့ထားလိုက်ပြီ၊ နောက်ပိုင်း ဘာတွေ လုပ်နေလဲ ဆိုတာတော့ မသိရသေးဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ကျနော်တို့ အစစ်ဆေးခံရမယ် ဆိုပြီးတော့ စစ်တွေ ရောက်နေတယ်”လို့ ပြောပါတယ်။

ဦးဘိုဘိုမင်းသိုက်ရဲ့ကားဟာ ညနေ ၈ နာရီလောက်မှာ မီးရှို့ခံလိုက်ရတာဖြစ်ပြီး သူ စီးလာတဲ့ကားမှာ လူဘယ်နှယောက်လောက် ပါလာတယ်၊ ဘယ်သူတွေက မီးရှို့တယ်ဆိုတာ  အတိအကျ မသိဘူးလို့လည်း ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် မိုင်တိုင်အမှတ် ၁၆၉/၁၇၀ ကြားမှာ ဦးဘိုဘိုမင်းသိုက်ဟာ ရင်ဘတ်မှာ ထိုးချက်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ရဲမှူးက ပြောပါတယ်။

တရားခံတွေကို ဖမ်းဆီးရမိခြင်း မရှိသေးသလို ဘယ်သူတွေက ဘာကြောင့် လုပ်ကြံ သတ်ဖြတ်သွားတာလဲ ဆိုတာလည်း မသိရသေးပါဘူး။

မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အပြီးမှာ ဦးဘိုဘိုမင်းသိုက်ဟာ ​ရခိုင်ပြည်နယ်ရုံးကို လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ဖို့  ပြောင်းရွှေ့ခံထားရသူ ဖြစ်ပါတယ်။

မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာပေဟောပြောပွဲ ကျင်းပခွင့်မရတာကို အကြောင်းပြုပြီး လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၉ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မတီကို ရခိုင်ပြည်နယ်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်နေ့ အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013