DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်ဈေးအပါအ၀င် ရန်ကုန်ရှိဈေးပေါင်း ၁၇၀ ကျော်ကို ပြုပြင်ပြောင်းလဲမည်
DVB
·
January 31, 2018
ဗိုလ်ချုပ်ဈေးအပါအ၀င် ရန်ကုန်ရှိဈေးပေါင်း ၁၇၀ ကျော်ကို ပြုပြင်ပြောင်းလဲမည်
Donate to DVB

 

ဗိုလ်ချုပ်အောင်ဆန်းဈေးအပါအ၀င် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးပေါင်း ၁၇၀ ကျော်ကို ပြုပြင်ပြောင်းလဲရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

ဇန်န၀ါရီ ၃၀ ရက်က အင်းစိန်မြို့နယ် တညှင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် လက်ကားဈေးသစ်ကြီးဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

တညှင်းကုန်းသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန် လက်ကားဈေးသစ်ဟာ အစိုးရသစ်လက်ထက် စံနမူနာပြ ဈေးတဈေး ဖြစ်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“နိုင်ငံတကာမျက်နှာစာမှာ နှစ်ပေါင်းများစွာ ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ထွက်သွားလာနေ တဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးကိုတောင် ကျန်ာတို့က နိုင်ငံတကာ အဆင့်အတန်းမီ ဈေးကြီး တစ်ဈေးအဖြစ်နဲ့ ရပ်တည်နိုင်အောင် အများကြီး ပြုပြင်ပြောင်းလဲရဦးမှာဖြစ်ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ မပျောက်ဘဲ။ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီတွေကနေ ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ရေးကို အခြား ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ ဈေးပေါင်း ၁၇၀ ကျော်ကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီဈေးကြီးဟာ အခုလက်ရှိ အစိုးရသစ်ရဲ့ ပထမဦးဆုံး စံနမူနာပြစရာ ဈေးကြီးတစ်ဈေးဖြစ်လာမှာပါ။”

ရန်ကုန်မှာဈေးပေါင်း ၁၈၀ ကျော်ရှိပြီး ဈေးရုံတွေက နေချင့်စဖွယ်မဖြစ်လို့ ဈေးအပြင် လမ်းတွေပေါ်မှာပဲ ရောင်းချနေကြတယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ဘာကြောင့်လမ်းမပေါ်ထွက်ပြီး ဈေးရောင်း ကြသလဲဆိုရင် ဈေးရုံအတွင်းမှာ နေချင်စဖွယ် မဖြစ်ဘူး ဖြစ်နေတယ်။ ဈေးဝယ်တွေကလည်း ဈေးရုံးအတွင်းဝင်ရမှာ အင်မတန်မှ စိုးထိတ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် အနံ့အသက်တွေကလည်း မကောင်းဘူး။ ဈေးရုံအတွင်းဝင်တဲ့ လမ်းတွေကလည်း သန့်သန့်ရှင်းရှင်းမရှိဘူးဆိုတော့ လူတွေက လမ်းမဘေးက ဈေးတွေမှာသာ ဝယ်ချင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဈေးရုံထဲကို သူတို့မဝင်ချင်ကြပါဘူး။”

တညင်းကုန်း ဈေးသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် မြို့တော်ဝန်ဦးမောင်မောင်စိုး၊ MAEXကုမ္ပဏီဥက္ကဋ္ဌဦးဝင်းအောင်တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ဈေးသည်တွေ ဈေးရောင်းချတဲ့ အခြေအနေကို လှည့်လည် ကြည့်ရှုခဲ့ကြတယ်လို့ တိုင်းအစိုးရအဖွဲ့သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013