DVB Logo
Home
မြန်မာသတင်း
ပြည်ရွှေဆံတော်ဘုရားတွင် ဉာဏ်ရိုးပူဇော်ပွဲကျင်းပ
DVB
·
January 31, 2018
ပြည်ရွှေဆံတော်ဘုရားတွင် ဉာဏ်ရိုးပူဇော်ပွဲကျင်းပ
1 / 7
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဉာဏ်ရိုးပူဇော်ပွဲကို တပို့တွဲ လပြည့်နေ့မှာ ၉၅ ကြိမ်မြောက်ကျင်းပပါတယ်။

ဉာဏ်ရိုးပူဇော်ပွဲကို ပြည်မြို့တစ်မြို့ထဲမှာသာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြုလုပ်လာတာဖြစ်ပြီး အအေးဓာတ်ပိုကဲနေချိန် မြတ်စွာဘုရားကို အနွေးဓာတ်ပေးဖို့ ရည်စူးပြီး    ဉာဏ်ပင်အရိုးတွေကို ခုတ်ကာ မီးရှို့ပူဇော်တဲ့ အနေနဲ့ ပြုလုပ်ကြတာပါ။

အခုလို  ဉာဏ်ရိုးပူဇော်ခြင်းအားဖြင့် ကျောင်းသားလူငယ်တွေအတွက် ဉာဏ်ပညာကြီးတယ်လို့ ယုံကြည်ကြတာကြောင့် ဉာဏ်ရိုးပူဇော်ဖို့လာကြသူတွေထဲမှာ လူငယ်တွေပိုများကြပါတယ်။

အခုနှစ်တပို့တွဲလက ခါတိုင်းနှစ်တွေကထက် အအေးကအရမ်းပိုတော့ မနှစ်ကထက် ပူဇော်တဲ့လူပိုများလာတယ်လို့ ရွှေဆံတော်စေတီတော်ဂေါပဂအဖွဲ့ ရုံးအဖွဲ့မှူး ဦးငွေမောင်း ကဒီဗွီဘီကိုပြောပါတယ်။

ဉာဏ်ရိုးပူဇ်ာဖို့လာသူ ကိုငြိမ်းက “ပြည်မြို့ရွှေဆံတော်ဘုရား တောင်ဘက်မုဒ်က အောက်ရင်ပြင်မှာ၊ မီးပူဇော်ဖို့ ပြုလုပ်ပေးထားတဲ့ နေရာမှာ တနေရာထဲ ၀ိုင်းပူဇော်ကြပါတယ်။ ဘုရားရှင်ကို အနွေးဓာတ်ရစေဖို့အတွက် ရည်စူးပြီး လာရောက်မီးပူဇော်တာ။ ဒီတမြို့ထဲမှာပဲ ဒီအစဉ်လာလေးကရှိတာကြောင့် ဒီအစဉ်အလာလေးကို ဆက်လက်ထိမ်းသိမ်းတဲ့အနေနဲ့ အခုလိုလာတာပါ”လို့ပြောပါတယ်။

ပူဇော်ပွဲကိုအနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေက လပြည့်ရက် မတိုင်ခင်ကတည်းက လာရောက်လေ့ရှိတာဖြစ်ပါတယ်။   

ပြည်မြို့ပတ်ဝန်းကျင်ဒေသတွေမှာ အများဆုံးအလေ့ကျပေါက်လေ့ရှိတဲ့ ဉာဏ်ပင်တွေကို ဒေသခံတွေက ခုတ်ယူလာကြပြီး ရွှေဆံတော်ဘုရားခြေရင်းမှာ တချောင်းကို ၅၀ကျပ်၊၁၀၀ကျပ်နဲ့ လာရောက်ရောင်းချလို့ ဘုရားပူဇော်မဲ့သူတွေက ညပိုင်းကထဲက ကြိုတင်ဝယ်ယူထားကြကာ မနက် (၄)နာရီ လောက်မှာစပြီး ပူဇော်ကြပါတယ်။

မင်းညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013