DVB Logo
Home
မြန်မာသတင်း
တရုတ်ယောက်ျားထံ ငွေကျပ် ၃၅ သိန်းဖြင့် ရောင်းစားခံရမည့် အမျိုးသမီး ၂ ဦးကို ကယ်တင်
DVB
·
January 30, 2018
တရုတ်ယောက်ျားထံ ငွေကျပ် ၃၅ သိန်းဖြင့် ရောင်းစားခံရမည့် အမျိုးသမီး ၂ ဦးကို ကယ်တင်
Donate to DVB

တရုတ်ယောက်ျားတွေထံ  ရောင်းစားခံရမယ့်  မြန်မာအမျိုးသမီး ၂ ဦးကို  အန္တရာယ်မှ ကယ်တင်နိုင်ခဲ့တယ်လို့  လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၈ ရက်က အမှတ် (၁၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ တပ်ဖွဲ့ဝင်တွေဟာ မူဆယ်မြို့၊ ဆင်ဖြူစစ်ဆေးရေး ဂိတ်အနီး လူကုန်ကူးမှုသတင်းတွေ စုံစမ်းနေချိန် စစ်ဆေးရေးဂိတ်မှာ အမျိုးသမီး ၄ ဦးက တခါသုံးအဝင် အထွက်ကတ် ပြုလုပ်ပြီး တရုတ်နိုင်ငံထဲ ဝင်ဖို့ပြင်နေချိန်မှာ မသင်္ကာလို့ စစ်မေးခဲ့ရာက ကယ်တင်နိုင်ခဲ့တာ လို့ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ ရန်ကုန် လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက်နေ အေးမြတ်သူဇာ(ခ)အေးမြတ် အပါအဝင် နှစ်ဦးက မိန်းကလေး နှစ်ဦးကို တရုတ်ယောက်ျား ယူရင် ကျပ် ၃၅ သိန်း ရမယ်၊ တနှစ် ပေါင်းရမယ်၊ ကလေးတယောက် မွေးပေးရမယ်လို့ စည်းရုံးပြောဆိုပြီး တရုတ်ယောက်ျားတွေဆီ ရောင်းစားဖို့ ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ မူဆယ်မြို့မရဲစခန်းက (ပ) ၅၀/၁၈ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၁၇ ရက်ကလည်း ရခိုင်ပြည်နယ်၊ အမ်းစုပေါင်းစစ်ဆေးရေးဂိတ်မှာ  မြောက်ဦးမြို့နယ်နေ အသက် ၁၅ နှစ်နဲ့ ၁၄ နှစ်အရွယ် မိန်းကလေး နှစ်ဦးဟာ မိဘတွေ မသိရှိဘဲ တရုတ်နိုင်ငံကို အလုပ်သွားလုပ်မယ်လို့ သိရလို့ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေကို ရှင်းပြကာ ရဲတပ်ဖွဲ့က မိဘတွေထံ ပြန်အပ်နှ့ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတဝန်း ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ လူပေါင်း ၃၀၀ ကျော် လူကုန်ကူးခံခဲ့ရပြီး လူကုန်ကူးမှု အများဆုံး ဖြစ်ခဲ့တဲ့ ဒေသတွေကတော့ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် ဖြစ်တယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ - လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013