DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန် ​ရွှေကျင်​သံဃာ့အစည်းအ​ဝေးတက်
DVB
·
January 30, 2018
သမ္မတဟောင်း ဦးသိန်းစိန် ​ရွှေကျင်​သံဃာ့အစည်းအ​ဝေးတက်
1 / 4
Donate to DVB

 

ရန်​ကုန်​တိုင်း​ဒေသကြီး၊ ​မှော်​ဘီမြို့နယ်​ ဓမ္မဒူတ​ ဇေတဝန်​​ကျောင်းတိုက်​ မဟာဓမ္မဗိမာန်​​တော်​မှာ ကျင်းပနေတဲ့ ​ရွှေကျင်​နိကာယ သံဃာ့အစည်းအ​ဝေးကို  သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဥက္ကဋ္ဌ ဦးသန်းဌေး နဲ့အဖွဲ့ဟာ  ဒီကနေ့မနက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီးကျင်းပရာသို့ တက်ရောက်ကြည်ညိုပြီး ဆရာတော်ကြီးတွေရဲ့ ဆုံးမ သြ၀ါဒနာယူခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ရေးတင်ထားတဲ့ထဲ ဦးသိန်းစိန်နဲ့ ၀န်ကြီးဟောင်း တချို့ကိုလည်း တွေ့မြင်ရပါတယ်။

သံဃာ ၇၉၃ ပါး တက်ရောက်နေတဲ့ ​ရွှေကျင်​နိကာယသံဃာ့အစည်းအ​ဝေးကို ဇန်န၀ါရီ ၂၉ ရက်ကနေ ၃၁ ရက်အထိ ၃ ရက်တိုင်တိုင် ကျင်းပတောဖြစ်ပြီး မနေ့က ဖွင့်ပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုတို တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013