DVB Logo
Home
မြန်မာသတင်း
ခြေတု၊ လက်တု အခမဲ့ တပ်ဆင်ပေးနေသည့် ဘားအံမြို့က ပြန်လည်သန်စွမ်းရေးဌာန (ဓာတ်ပုံ)
DVB
·
January 30, 2018
ခြေတု၊ လက်တု အခမဲ့ တပ်ဆင်ပေးနေသည့် ဘားအံမြို့က ပြန်လည်သန်စွမ်းရေးဌာန (ဓာတ်ပုံ)
1 / 6
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့အနီး၊ တောင်ကလေးကျေးရွာမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြီး မသန်စွမ်းသူတွေ၊ ကိုယ်အင်္ဂါ ချို့ယွင်းသူတွေအတွက် ခြေတု၊ လက်တု၊ အားပြုကိရိယာတွေကို အခမဲ့ တပ်ဆင်ပေးနေပါတယ်။

ဒီဌာနကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်ကတော့ မိုင်းကြောင့် ကိုယ်အင်္ဂါ ထိခိုက်ချို့ယွင်းတဲ့သူတွေအတွက် ခြေတု၊ လက်တုတွေကို ပြန်လည် တပ်ဆင်ပေးခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်နောက်ပိုင်းမှာတော့ မိုင်းကြောင့် လာရောက်တပ်ဆင်သူတွေ နည်းသွားပြီး မတော်တဆ ထိခိုက်တာ ဒါမှမဟုတ် ရောဂါအခြေခံတွေကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့သူတွေက အများဆုံး လာရောက်တပ်ဆင်နေကြတာပါ။

ဘားအံ ခြေတု၊ လက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ စာရင်းအရ တပ်ဆင်ပေးခဲ့သူ အရေအတွက် ၇၀၀၀ ကျော်ရှိနေပါပြီ။ ဒီဌာနမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဝန်ထမ်း ၅၄ ယောက်က တာဝန်ထမ်းဆောင် လုပ်ကိုင်နေကြတာပါ။

ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းနဲ့ ကယားပြည်နယ်က ကိုယ်အင်္ဂါချို့ယွင်းသူတွေအတွက် အဓိက တပ်ဆင်ပေးနေသလို၊ နယ်လှည့်ပြီးတော့လည်း ခြေတု၊ လက်တုတွေကိုလည်း လိုက်လံတပ်ဆင်ပြုပြင်ပေးနေတာပါ။

ခြေတု၊ လက်တုနဲ့ အားပြုကိရိယာတွေ တပ်ဆင်ဖို့ ဒေသတွင်းမှာရှိတဲ့ ကြက်ခြေနီ အသင်းခွဲတွေကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။  ရပ်ဝေးမှ လာရောက်တပ်ဆင်သူတွေအတွက် ဌာနမှ နေရာထိုင်ခင်း စီစဉ်ပေးပြီး မနက်စာ၊ နေ့လယ်၊ ညစာတွေ စီစဉ်ပေးသလို၊ ခရီးစရိတ်တွေကိုပါ ပြန်လည်ထောက်ပံ့ပေးပါတယ်။

ဒူးအောက်ပိုင်း တပ်ဆင်မယ့် သူတွေကတော့ သီတင်း တစ်ပတ်ကနေ နှစ်ပတ်အထိ စမ်းသပ်၊ လေ့ကျင့်နေထိုင် တပ်ဆင်ရမှာပါ။

ဒူးအထက် တပ်ဆင်မယ့်သူတွေကတော့ သီတင်းနှစ်ပတ်ကနေ တလဝန်းကျင်အထိ အချိန်ယူ တပ်ဆင်ရပါတယ်။ ဒါ့အပြင် တပ်ဆင်လေ့ကျင့်ဖို့ ခက်ခဲတဲ့အပိုင်းမှာတော့ အချိန်ယူ တပ်ဆင်ရမှာ ဖြစ်လို့ အချိန် တလကျော် ကြာမြင့်တတ်တယ်လို့ သိရပါတယ်။

ခြေတု၊ လက်တုတွေ တကြိမ် တပ်ဆင်ပြီးရင်တော့ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်ကြာရင် ပြန်လည်အသစ် လဲလှယ်တပ်ဆင်ရပါတယ်။ တပ်ဆင်ပြီးထားရင်တော့ ၁ နှစ် ၁ ကြိမ် ပြန်လည်ပြင်ဆင်ပေးရပါတယ်။

ဧပြီ၊ မေ နွေရာသီကာလမှာ ဆိုရင်တော့ ကလေးတွေအတွက် ရည်ရွယ်ပြီး ခြေတု၊ လက်တုတွေကို သီးခြားအစီအစဉ်တခုအနေနဲ့ အခမဲ့ တပ်ဆင်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013