DVB Logo
Home
မြန်မာသတင်း
ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကိုင်းတိုင်းအစိုးရနှင့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး
DVB
·
January 30, 2018
ဒေသဖွံ့ဖြိုးရေးအတွက် စစ်ကိုင်းတိုင်းအစိုးရနှင့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး
1 / 3
Donate to DVB

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အစိုးရ၊ လွှတ်တော်၊ မီဒီယာ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကိုင်းတိုင်းအစိုးရ၊ စက်မှုလက်မှုလုပ်ငန်းရှင်တွေ ဒီကနေ့ မနက်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မဇ္စျိမဖောင်ဒေးရှင်းရဲ့ စီစဉ်မှုနဲ့ ပြုလုပ်တဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော် ခရီးသွားလာရေးကိစ္စ၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ မီဒီယာ စတဲ့ ကဏ္ဍ ၅ ရပ်ကို ဆွေးနွေးခဲ့ကြတာပါ။

ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အခုလို ဆွေးနွေးပွဲတွေကနေတဆင့် အကောင်အထည်ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ မဏိပူရ်ပြည်နယ်အနေနဲ့လည်း အရှေ့ဘက်တံခါး ပွင့်မှ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ ရာစုနှစ်များစွာကတည်းက ယုံကြည်ခဲ့တယ်။ အိန္ဒိယအနေနဲ့ အရှေ့တောင်အာရှကို သွားဖို့ဆိုရင် မဏိပူရ်၊ စစ်ကိုင်း စတဲ့ ဒေသတွေကို မဖြတ်ဘဲ သွားလို့မရဘူးလို့  အိန္ဒိယကိုယ်စားလှယ်တဦးက တင်ပြ ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကနေတဆင့် ဒေသတွင်း ကုန်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတို့မှာလည်း တစုံတရာ တိုးတက်မှုတွေ ရှိလာမယ်လို့ ဆွေးနွေးပွဲ တက်ရောက်လာသူတွေက မျှော်လင့်နေကြပါတယ်။

ဒါ့အပြင် အိန္ဒိယဘက်ကို မြန်မာနိုင်ငံကနေ ပဲတင်သွင်းခွင့် ကန့်သတ်ခံထားရတဲ့ ကိစ္စတွေမှာလည်း အပြောင်းအလဲတွေ ကြုံတွေ့လာနိုင်တယ်လို့ မုံရွာ ကုန်သည်ပွဲစားတွေက မျှော်လင့်ထားပါတယ်။

ဒီနေ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ စစ်ကိုင်းတိုင်းအတွင်းက ဒေသတွင်းထွက်ကုန်တွေဖြစ်တဲ့ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ကြိမ်ထည်ပစ္စည်း၊ ကျောက်စိမ်း စတဲ့ ထွက်ကုန်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ မတွေ့ဆုံခင် ဇန်နဝါရီ ၂၉ ရက်ကလည်း အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သီးခြားတွေ့ဆုံဆွေးနွေးခဲ့သလို နှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပွဲတွေလည်း ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013