DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်၊ မောင်တောရှိ ပြည်သူ့စစ် ၃ ဖွဲ့ကို လက်နက်တပ်ဆင်ပေးထား
DVB
·
January 30, 2018
ဘူးသီးတောင်၊ မောင်တောရှိ ပြည်သူ့စစ် ၃ ဖွဲ့ကို လက်နက်တပ်ဆင်ပေးထား
Donate to DVB

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဥပဒေ ရေးဆွဲနေပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောရှိ ပြည်သူ့စစ်ဌာနေ အဖွဲ့ ၃ ဖွဲ့ကို လက်နက်ပေးထားတယ်လို့ ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

ဇန်နဝါရီ ၃၀ ရက် အမျိုးသားလွှတ်တော်မှာ မောင်တောမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နယ်နိမိတ်အတွင်း မြို့နယ်ရဲစခန်းတွေ တိုးချဲ့ဖွင့်လှစ်ပေးဖို့၊ လုံခြုံရေးအားနည်းတဲ့နေရာနဲ့ လုံခြုံရေးလုံးဝမရှိတဲ့ ဒေသခံ တိုင်းရင်းသား ကျေးရွာတွေမှာ ပြည်သူ့စစ်ဖွဲ့စည်းပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းဖြေဆိုတာပါ။

ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဥပဒေကို ညှိနှိုင်းပေါင်းစပ်ရေးဆွဲနေပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်ဖွဲ့စည်းမှုအနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေမှာ လုံခြုံရေး၊ နယ်မြေတည်ငြိမ်ရေးနဲ့ နယ်မြေဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြည်သူ့စစ်ဌာနေအဖွဲ့ ၅၉၆ ဖွဲ့ကို ဖွဲ့စည်းထားပြီး ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

“ဒီပြည်သူ့စစ်ဌာနေအဖွဲ့ ၃၄ ဖွဲ့အနက် ဗန္ဓုလ၊ တပ်ချောင်း၊ ဝေလာတောင်ကျေးရွာတွေက ပြည်သူ့စစ်ဌာနေ အဖွဲ့ ၃ ဖွဲ့ကို လက်နက်တွေ တပ်ဆင်ပေးပြီး လေ့ကျင့်ရေးကျည်တွေ တောင်းခံကာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီကနေ မတ်လထိ မွမ်းမံသင်တန်းကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ကျန်ပြည်သူ့စစ်ဌာနေအဖွဲ့တွေကိုလည်း ပွင့်လင်းရာသီမှာ မွမ်းမံသင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။

တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတွေ၊ ပြည်သူ့စစ်ဌာနေအဖွဲ့တွေ၊ ဒေသခံတွေနဲ့ ပူးပေါင်းပြီး ဘူးသီးတောင်၊ မောင်တောမှာ နယ်မြေလုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့အတူ တွဲဖက်တာဝန်ထမ်းဆောင်နေတာကြောင့် လတ်တလောမှာ ပြည်သူ့စစ်ဌာနေအဖွဲ့တွေ ထပ်မံဖွဲ့စည်းပေးဖို့ မလိုအပ်သေးဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက  ဖြေကြားထားတယ်လို့ ဆိုပါတယ်။

မောင်တောမြို့နယ်မှာ မြင်းလွှတ်နယ်မြေရဲစခန်းနဲ့ ခမောင်းဆိပ် နယ်မြေရဲစခန်းတို့ကို ထပ်မံဖွင့်လှစ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013