Homeမြန်မာသတင်း
ပွင့်ဖြူမြို့နယ်က သက်တော်ရှည်ဆရာတော်ကြီး မွေးနေ့ စုပေါင်းထမနဲထိုး ကုသိုလ်အလှူပွဲ (ဓာတ်ပုံ)
ပွင့်ဖြူမြို့နယ်က သက်တော်ရှည်ဆရာတော်ကြီး မွေးနေ့ စုပေါင်းထမနဲထိုး ကုသိုလ်အလှူပွဲ (ဓာတ်ပုံ)
DVB
·
January 30, 2018

1 / 6
ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာ တံတိုင်းရှည်တောရကျောင်းတိုက်ဆရာတော် ဦးပညာသာမိရဲ့ ၈၂ နှစ်ပြည့် မွေးနေ့ပွဲမှာ ကျေးရွာရှိ ဒါယကာ၊ ဒါယိကာမတွေက စုပေါင်းပြီး ထမနဲထိုး ကုသိုလ်မွေးနေ့ပွဲ ပြုလုပ်ပါတယ်။
နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်နေ့မှာ ထမနဲထိုးကြပြီး တပို့တွဲလပြည့်နေ့မှာ ရပ်နီးရပ်ဝေးက ဧည့်သည်တွေကို ဖိတ်ကြားကာ ကျွေးမွေးကုသိုလ်ယူကြတာ အခုဆိုရင် ၂၈ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။










