DVB Logo
Home
မြန်မာသတင်း
အနံ့ဆိုးထွက်နေသည့် ဒလ-တွံတေး ကားလမ်းဘေး စွန့်ပစ်အမှိုက်ပုံ ရွှေ့ပြောင်းရန် မဖြစ်နိုင်သေး
DVB
·
January 30, 2018
အနံ့ဆိုးထွက်နေသည့် ဒလ-တွံတေး ကားလမ်းဘေး စွန့်ပစ်အမှိုက်ပုံ ရွှေ့ပြောင်းရန် မဖြစ်နိုင်သေး
Donate to DVB

ရန်ကုန်တိုင်း၊ ဒလမြို့ ကျန်စစ်သားရပ်ကွက် ဒလ-တွံတေး ကားလမ်းဘေးမှာ တည်ရှိတဲ့ စွန့်ပစ်အမှိုက်ပုံက ထွက်တဲ့ အနံ့ဆိုးတွေကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ကျန်းမာရေး ထိခိုက်နိုင်သလို မြို့အင်္ဂါ ထိခိုက်ပြီး ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ပေါ်နေပါတယ်။

ဒါကြောင့် အဲဒီအမှိုက်ပုံကို ရွှေ့ပြောင်းဖို့ ရှိ၊ မရှိ ဒါမှမဟုတ် ဒီအမှိုက်ပုံက ထွက်ရှိတဲ့ အမှိုက်တွေကို မီးရှို့ဖျက်ဆီးဖို့အစီအစဉ် ရှိမရှိကို ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်(ခ)ဦးမြသိန်းက  ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆို တင်သွင်းခဲ့ပါတယ်။

ဒီအဆိုကိုတော့ ရန်ကုန်တိုင်းအစိုးရက အမှိုက်ပုံကို ရွှေ့ပြောင်းပေးဖို့က နေရာ အခက်အခဲ ရှိနေတာကြောင့် ရွှေ့ပြောင်းပေးဖို့ မဖြစ်နိုင်သေးသလို ထွက်ရှိတဲ့ အမှိုက်တွေကို မီးရှို့ဖို့အတွက် စက်ရုံတည်ဆောက်ဖို့ စီစဉ်နေပြီ ဖြစ်တယ်။ တန်ချိန်ပြည့်မှ မီးရှို့လို့ရမှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီအမှိုက်ပုံကို ၁၉၉၆-၉၇ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်ပြီး တရက်ကို အမှိုက်တန်ချိန်ပေါင်း  ၂၄ တန်လောက် စွန့်ပစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013