DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို ငွေကြေးထောက်ပံ့ရန် အစိုးရနှင့် ကမ္ဘာ့ဘဏ် ဆွေးနွေး
DVB
·
January 30, 2018
ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများကို ငွေကြေးထောက်ပံ့ရန် အစိုးရနှင့် ကမ္ဘာ့ဘဏ် ဆွေးနွေး
Donate to DVB

ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သူတို့က မွေးဖွားတဲ့ ကလေးတွေကို အသက် ၂ နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် တိုးချဲ့နိုင်ဖို့ အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ဆွေးနွေးခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၉ ရက်က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာတဦးဖြစ်သူ စတန်းလျူဂျော်ဂျန်ဆန်တို့ တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ်အတွက် မိတ်ဆွေအဖွဲ့အစည်းတွေ အကူအညီနဲ့  လူသားချင်းစာနာမှု အကူအညီတွေယူပြီး ပြန်လည်ထူထောင်ရေးနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာမှာ အဓိကဦးစားပေး အစီအစဉ် ၈ ခု ပါဝင်ပြီး အသက် (၉၀) အထက် သက်ကြီးရွယ်အိုတွေအတွက် လူမှုရေးပင်စင်နဲ့ ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အရေးပေါ်ငွေကြေးထောက်ပံ့ရေးနဲ့ ပုံမှန်ငွေကြေး ထောက်ပံ့ရေးဆိုင်ရာ အစီအစဉ်တွေမှာ  လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအတွက် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ စနစ်တရပ် လိုအပ်နေတယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စတဲ့ အခွင့်အရေတွေ အပြည့်အဝ ရရှိနိုင်ရေး ဆောင်ရွက်နေတယ်၊ သက်ကြီးရွယ်အို ငွေကြေး ထောက်ပံ့ရေးဆိုင်ရာ လူမှုရေးပင်စင်ရဲ့ အသက်အရွယ် ကန့်သတ်ချက်ကို လျှော့ချသွားဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးသွားပါတယ်။

ကမ္ဘာ့ဘဏ် တာဝန်ရှိသူကတော့ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို အလေးပေး ဆောင်ရွက်နေတဲ့အတွက် ဝမ်းမြောက်ပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့  သူက မွေးဖွားတဲ့ ကလေး အသက် ၂ နှစ်အထိ ငွေကြေးထောက်ပံ့ရေးအစီအစဉ် (MCCT Program) တိုးချဲ့နိုင်ရေး ကူညီပေးလိုတယ်လို့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013