DVB Logo
Home
မြန်မာသတင်း
ဒီပင်္ကရာဘုရားပွဲတော်တွင် ဈေးဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေး
DVB
·
January 30, 2018
ဒီပင်္ကရာဘုရားပွဲတော်တွင် ဈေးဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေး
Donate to DVB

စစ်ကိုင်းတိုင်း မော်လူးဒေသ ကိုးတိုက်နယ် ဒီပင်္ကရာ ဘုရားပွဲတော် ဈေးဆိုင်တွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးရာ စားသုံးဖို့မသင့်တဲ့ စားသောက်ကုန်တွေ ရောင်းချနေတာ တွေ့ရှိခဲ့ပြီး မရောင်းချဖို့ သတိပေး တားမြစ်ခဲ့တယ်လို့ အင်းတော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးကြည်နိုင်ဦးက ပြောပါတယ်။

စားသုံးသူရေးရာဦးစီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) မြို့နယ်စည်ပင်ကျန်းမာရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၂၉ ရက် ညနေက ဒီပင်္ကရာဘုရားပွဲတော်မှာ ရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရက်လွန်၊ မှိုတက် အန္တရာယ်ရှိ တားမြစ်စားသောက်ကုန်တွေရောင်းချမှု ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

အင်းတော်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန ဦးစီးမှူး ဦးကြည်နိုင်ဦးက “ဘောလုံး အသေးနဲ့ အချိုရည်ဘူးမျိုးစုံ ပစ်ပေါက်ကစားနည်းမှာ ရက်လွန် အချိုရည်များစွာ တွေ့ရလို့ မရောင်းချဖို့ သတိပေး တားမြစ်ခဲ့ပါတယ်။ အေးခဲကြက်ဖင်ဆီဖူး အကင်တွေ၊ အသားတုချောင်းတွေ၊ တားမြစ် အချဉ်ရည်တွေ၊ တားမြစ်ဆိုးဆေးနဲ့ လုပ်ထားတဲ့ ဂျလေဘီမုန့်တွေ စစ်ဆေးတွေ့ရှိပြီး မရောင်းချဖို့ သတိပေး တားမြစ်ခဲ့တယ်” လို့ ပြောပါတယ်။

မော်လူးဒေသ ကိုးတိုက်နယ် ဒီပင်္ကရာ ဘုရားပွဲတော်ကို ဇန်နဝါရီ ၂၆ ရက်မှ ဇန်နဝါရီ ၃၁ ရက်အထိ ၆ ရက်ကြာ ကျင်းပနေတာပါ။

ဘုရားပွဲတော်မှာ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်း၊ အရောင်းဆိုင်ပေါင်း ၉၂၃ ခန်း ဖွင့်လှစ် ရောင်းချနေပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဘုရားပွဲတော်တွေမှာ အထင်ကရ ပွဲတော်တခုလည်း ဖြစ်ပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013