DVB Logo
Home
မြန်မာသတင်း
ကိုးကန့်အမျိုးသားနေ့ကို အားလုံး၏သဘောဆန္ဒ ရယူသတ်မှတ်ရန် ဝန်ကြီးအကြံပြု
DVB
·
January 30, 2018
ကိုးကန့်အမျိုးသားနေ့ကို အားလုံး၏သဘောဆန္ဒ ရယူသတ်မှတ်ရန် ဝန်ကြီးအကြံပြု
Donate to DVB

 

ကိုးကန့်အမျိုးသားနေ့ကို သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ သဘောဆန္ဒကို ရယူပြီး သတ်မှတ်ဖို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီ ၂၉ ရက် အမျိုးသားလွှတ်တော်မှာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ကိုးကန့်အမတ် ဦးကျော်နီနိုင်ရဲ့  ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုးကန့် တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ''ကိုးကန့်အမျိုးသားနေ့''ကို တရားဝင်အသိအမှတ်ပြု သတ်မှတ်ပေးနိုင်မယ့် အစီအစဉ်ကို သိရှိလိုကြောင်း မေးမြန်းချက်ကို ဝန်ကြီးက ဖြေကြားသွား တာပါ။

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အမျိုးသားနေ့ သတ်မှတ်တာဟာ ပါတီအဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ်အစုအဖွဲ့တခု၊ ဒေသအဖွဲ့အစည်းတခု၊ အာဏာရ အဖွဲ့အစည်းတခုနဲ့သာ သက်ဆိုင်တာ မဟုတ်ဘဲ အဆိုပါ မျိုးနွယ်စုအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ အားလုံးရဲ့ သဘောဆန္ဒတွေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ဖို့ လိုမယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားမျိုးနွယ်စုရဲ့ အမျိုးသားနေ့အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ အားလုံး ပါဝင်တဲ့ ဦးစီးအဖွဲ့ကို အရင်ဖွဲ့စည်းကာ သက်ဆိုင်ရာ တိုင်းရင်းသားမျိုးနွယ်စု အားလုံးရဲ့ သဘောဆန္ဒကို ရယူပြီး သတ်မှတ်ရမယ်၊ ကိုးကန့်အမျိုးသားနေ့ကို  ကိုးကန့်တိုင်းရင်းသားတွေ အားလုံးက အသိအမှတ်ပြုပြီး ကျင်းပဆောင်ရွက်ခြင်းကသာ သင့်တော်ပြီး နိုင်ငံတော်က သတ်မှတ် ဆောင်ရွက်ပေးဖို့ မလိုအပ်ဘူးလို့လည်း ဝန်ကြီးနိုင်သက်လွင်က ရှင်းလင်း ဖြေကြားသွားပါတယ်။

ပင်လုံစာချုပ် ချုပ်ဆိုစဉ်တုန်းက ကိုးကန့်စော်ဘွားဦးရန်ကျင်းချိုင်က အတွေ့အကြုံတွေကို ကိုးကန့်တိုင်းရင်းသားတွေထံရှင်းပြခဲ့တဲ့ ၁၉၄၇ ဖေဖော်ဝါရီလ ၁၉ ရက်ကို ကိုးကန့် အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးဖို့  ကိုးကန့်အမတ် ဦးကျော်နီနိုင်က မနေ့က အမျိုးသား လွှတ်တော်မှာပြောကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013