DVB Logo
Home
မြန်မာသတင်း
သူများတုန်းက ဝေဖန်ပြီး ကိုယ့်အလှည်ကျ ချိုမိုင်မိုင်ကနေသလို လုပ်နေလို့ မဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
January 29, 2018
သူများတုန်းက ဝေဖန်ပြီး ကိုယ့်အလှည်ကျ ချိုမိုင်မိုင်ကနေသလို လုပ်နေလို့ မဖြစ်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

သူများတုန်းက ဝေဖန်ပြီး ကိုယ့်အလှည့်ကျမှ ချိုမိုင်မိုင်ကနေသလို လုပ်နေလို့ မဖြစ်ဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းက ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ မှော်ဘီမြို့ကို ရောက်တုန်း မှော်ဘီမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ မြို့နယ်အလုပ်အမှုဆောင်တွေ၊ ရပ်ကျေး အလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံပြီး ပြောကြားခဲ့တာပါ။

“ပါတီဘက်ရော၊ လွှတ်တော်ရော၊  အစိုးရရော၊ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ နောင်သုံးနှစ် ကျွန်တော်တို့ရုန်းကန်လိုက်မယ်ဆိုရင် အခုကျနော်တို့လုပ်ခွင့်ရတော့မှ သူများတုန်းကတော့ကျနော်တို့ ဝေဖန်လိုက်ကြတာ၊ ကိုယ်လည်း လုပ်လည်းလုပ်ရော ချိုမိုင်မိုင်ကနေသလို လုပ်နေလို့မဖြစ်ဘူး။ ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ ရုန်းကန်ဖို့ အချိန်ရောက်ပြီ။ ဒါကြောင့်မို့လို့ ကျနော်တို့ အားလုံးပူးပေါင်းပြီး လုပ်ကြပါ။ လိုအပ်တာတွေရှိရင်လည်း ပါတီဘက်က လသော်လည်းကောင်း၊ လွှတ်တော် ဘက်က သော်လည်းကောင်း ကျနော်တို့ကိုစာပို့လိုက်လို့ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်ကပေးထားတဲ့ လစာဟာ ဝန်ထမ်းတွေအတွက် အခက်အခဲရှိနေဦးမှာ ဖြစ်ပြီး အစိုးရနဲ့အတူ ရုန်းကန်ကြဖို့ကိုလည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ပြီးတော့ ဝန်ထမ်းတွေ အတွက် ပင်စင်ယူနားသွားတဲ့အချိန်မှာ နေစရာရအောင် ကြိုးစားမယ်လို့လည်း ပြောပါတယ်။

“အခုဆိုရင်တော့ ကျနော်တို့ရဲ့ ရေးဆွဲမှုအပိုင်းက ပြီးပြီ။ လွှတ်တော်တွေမှာ တင်ပြပြီးပြီ။ မြေပြင်မှာ လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက်ကို ဒီနှစ်ထဲမှာကျနော်တို့ ဆောင်ရွက်မယ်။ ဒီနှစ်အတွင်းမှာ ဆောင်ရွက်ပြီးရင် ကျနော်တို့ ဝန်ထမ်းတွေရဲ့ဘဝ မြှင့်တင်နိုင်တဲ့ စီမံကိန်းတွေကို ထပ်မံ ရေးဆွဲရ ပါမယ်။ ဝန်ထမ်းတွေရဲ့ ဘဝဟာ ကိုယ်အနားယူတဲ့အချိန်မှာ နေစရာတခုတော့ ခိုင်ခိုင်မာမာ ရှိဖို့လိုပါတယ်။ ဘဝမှာ ကိုယ့်သားသမီးတွေကို ပညာတတ်တွေ ဖြစ်အောင် သင်ပေးနိုင်လောက်တဲ့ ဝင်ငွေတွေ ရှိဖို့လိုပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ မှော်ဘီမြီု့နယ်အတွင်း စက်မှုဇုန်တွေ ထူထောင်နိုင်ရေး၊ မှော်ဘီမြို့ကို ဘယ်လို ထူထောင်ချင်တယ်ဆိုတဲ့ ဆန္ဒကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီး ကြိုးစားမယ်လို့လည်း ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013