
အမြန်လမ်းမှာ သတ်မှတ်နှုန်းထက် ပိုမောင်းတဲ့ ကားအစီးပေါင်း ၂ သောင်းခွဲလောက်ကို ဒီတလအတွင်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁ ရက်နေ မနေ့ကထိ သတ်မှတ် အရှိန်နှုန်းထက် ပိုမောင်းတဲ့ ကားပေါင်း ၂၄၉၇၉ ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၇ ရက် ည ၆ နာရီမှ ၂၈ ရက် ညနေ ၅ နာရီထိ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၀၁ နေပြည်တော် တိုးဂိတ်မှာ သတ်မှတ်နှုန်းကျော်တဲ့ကား ၃၈ စီး၊ လှည်းကူး အမှတ် ၃ လမ်းဆုံတိုးဂိတ်မှာ ၂၃ စီး၊ တံတားဦး စကားအင်းတိုးဂိတ်မှာ ၆ စီး၊ ဖြူး ၁၁၅ မိုင် တိုးဂိတ်မှာ အစီး ၂၀ နဲ့ မိတ္ထီလာ သီးကုန်းတိုးဂိတ်မှာ ၉ စီး၊ စုစုပေါင်း ၉၆ စီးဖမ်းဆီးပြီး တရားစွဲသွားမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။











