
ဒုက္ခသည်တွေပိုမို အဆင်ပြေစေဖို့အတွက် ပညာရေးနဲ့ ကျန်းမာရေးစင်တာလိုမျိုးတွေ ထောက်ပံ့ကူညီသွားဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပလောင် ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက် လေ့လာခဲ့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ကလည်း အင်ဒိုနီးရှားရဲ့ ကူညီထောက်ပံ့မှု အခန်းကဏ္ဍနဲ့ နေရာမဲ့နေတဲ့ လူသားတွေအတွက် လူသားချင်းစာနာ ထောက်ပံ့ပေးတာတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အန်ဂျီအိုတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့လက်တွဲ လုပ်ဆောင်နေ တဲ့ အဖွဲ့အစည်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ သမ္မတဝီဒိုဒိုက ပြောပါတယ်။
ဒ့ါအပြင် လူမှုအဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အဖွဲ့တွေနဲ့အတူ အင်ဒိုနီးရှားအစိုးရက အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အထောက်အပံ့၊ ဆေးရုံ၊ ပညာရေးဆိုင်ရာအဓိက လိုအပ်ချက်တွေနဲ့ စိတ်ဒဏ်ရာကုစားမှု၊ အရေးပေါ် အခြေအနေအတွက် ရွှေ့ပြောင်းဆေးကုသရေးဝန်ဆောင်မှု၊ ဆိုလာပြားနဲ့ ရေသန့်စက်တွေလည်း လှူဒါန်းမယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောကြားခဲ့ပါတယ်။
သတင်းရင်းမြစ်-ရိုက်တာ











