DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ်ပွား
DVB
·
January 29, 2018
တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက်တွင် အနုကြမ်းစီးမှုဖြစ်ပွား
Donate to DVB

ရန်ကုန် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ဇေယျာသီရိ (၁) လမ်းမှာ ဇန်နဝါရီ ၂၈ ရက်နေ့ည ၇ နာရီခွဲမှာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ပါတယ်။

အနုကြမ်းစီးခံရတဲ့ အိမ်ရှင် မဆုဝေလှိုင်က “ကျမတို့က ကုန်စုံဆိုင်ရောင်းတယ်။ အဲ့အချိန်မှာ အသက် ၂၀ လောက်နဲ့ ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦး ဝင်လာပြီး လည်ပင်းကို တယောက်က ဓားနဲ့ထောက်တယ်။ တယောက်က ပါးစပ်နဲ့ လက် ခြေထောက်တွေကို တိပ်နဲ့ပတ်တယ်၊ ပြီးတော့ ဝတ်ထားတဲ့ လက်ကောက်သုံးကွင်းနှင့် ဆွဲကြိုးတကုံး ဖြုတ်ယူတယ်။ ပြီးတော့ ဗီရိုကို ဖွင့်ရှာတယ်။ မတွေ့လို့ ယူမသွားဘူး။ ပြီးတော့ ပြောသွားသေးတယ်။ နင်တို့အိမ်ကို အခုလို လုပ်ဖို့ ၂ လရှိပြီ စောင့်ကြည့်နေတာလို့ ပြောပြီး ဆိုင်ကယ်နဲ့မောင်းပြီး ထွက်သွားတယ်”လို့ ပြောပါတယ်။

အနုကြမ်းစီးခံရသူ အိမ်ရှင်အမျိုးသားက “ကျနော် အပြင်ထွက်သွားတဲ့အချိန်မှာ ဖြစ်တာဆိုတော့ အသေအချာ မသိရပေမယ့် ပြန်လာလို့ မိန်းမကို တိပ်တွေနဲ့ချည်ထားတာမြင်ပြီး မေးတော့မှ သူ ပြောပြတာပါ။ လက်ကောက် သုံးကွင်းနဲ့ ဆွဲကြိုးတကုံးက ၃ ကျပ်ခွဲသားရှိပြီး ကာလတန်ဖိုးနဲ့ဆို သိန်း ၃၀ လောက်ရှိတယ်။ အမှုဖွင့်ဖို့ကိုတော့ လုပ်ဆောင်နေပါတယ်။ အခု အုပ်ချူပ်ရေးပိုင်းရော ရဲစခန်းကရော လာပြီး စစ်ဆေးတာတွေ၊ မေးမြန်းတာတွေ ပြုလုပ်နေပါတယ်” လို့ပြောပါတယ်။

တိုက်ကြီးမြို့ပေါ်မှာ ညအချိန် ဆိုင်ကယ်တွေနဲ့ လုယက်တာတွေ ဖြစ်ပေါ်နေပြီး ပြည်သူတွေမှာလည်း ညအချိန် အပြင်ရန်ကို စိုးရိမ်နေပါတယ်။ အခုအခါ အနုကြမ်းစီးတာ ထပ်မံဖြစ်ပေါ်လာတဲ့အတွက် ပိုမိုထိတ်လန့်ခဲ့ကြပါတယ်။

အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ညအချိန် ကင်းလှည့်တာတွေ အသွင်ပြောင်း စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013