DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ဦးစီး နုတ်ထွက်ပေးရေးဆန္ဒပြ
DVB
·
January 29, 2018
ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မီးသတ်ဦးစီး နုတ်ထွက်ပေးရေးဆန္ဒပြ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မှာ ဇန်နဝါရီ ၂၉ ရက် မနက်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူးတို့ နုတ်ထွက်ပေးဖို့အတွက် ဒေသခံ ၁၀၀ ကျော်က မြို့တွင်းလှည့်လည်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်မီးသတ်ရုံးတို့ရှေ့ထိ သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ ကိုနေဇင်လတ်က “အဓိကကတော့ ကျနော်တို့ ထန်းကုန်းရွာမှာ မီးသတ်စခန်းအတွက် မြေနေရာတွေ ယူတယ်။ အခုနေရကောဆို ၄ နေရာရှိပြီ။ မီးသတ်စခန်းဆိုပြီး ဆောက်တယ်။ ပြီးရင် မီးသတ်တိုက်တန်းမှာ ဈေးဆိုင်ခန်းတွေ ငှားစားထားတယ်။ အခု လမ်းစီမံကိန်းပေါ်လာတော့ ဆိုင်ခန်းတွေနဲ့ လမ်းနဲ့မလွတ်တော့ဘူး။ အဲဒီကိစ္စတွေ ဖြေရှင်းပေးဖို့ မြို့နယ်မီးသတ်ကို တောင်းဆိုတယ်။ ဖြေရှင်းမပေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူး ပြောတော့လည်း သူနဲ့မဆိုင်ဘူး ဆိုတာမျိုး ပြောတယ်။ အဲဒါကြောင့် ဆန္ဒပြရတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲမှာ ဒေသခံတွေက ပြဿနာတွေ ဖြေရှင်းမပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီးမှူး နုတ်ထွက်ပေးဖို့နဲ့ ထန်းကုန်းကျေးရွာ မီးသတ်ရုံးနဲ့ အငှားချထားတဲ့ ဆိုင်ခန်းတွေ အမြန်ဖယ်ရှားပေးဖို့ စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။

ထန်းကုန်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွာသားတွေနဲ့တိုင်ပင်ပြီး လမ်းတိုးချဲ့ရာမှာ ရွာသားတွေက ကြည်ကြည်ဖြူဖြူလက်ခံကြပေမယ့် မီးသတ်ရုံးရှေ့မှ ဆိုင်ခန်းတွေကတော့ နောက်မဆုတ်ပေးဘဲဖြစ်နေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှုး ဦးဇော်ဝင်းနိုင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းဝေးလုပ်နေလို့ဆိုပြီး ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဆန္ဒပြပွဲမှာ ဒေသခံအင်အား ၁၀၀ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မီးသတ်ဦးစီး တို့ နှစ်ဦးနုတ်ထွက်ပေးရေးအတွက် မနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီထိ ကန့်ဘလူမြို့ မီးရထားလမ်းက စတင်ကာ ဦးအောင်ဇေယျလမ်း၊ တပင်ရွှေထီးလမ်း၊ မဟာဗန္ဒုလလမ်း၊ စည်ပင်သာယာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူရုံး၊ မြို့နယ်မီးသတ်ဦးစီး ဌာနရုံးတို့အထိ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013