DVB Logo
Home
မြန်မာသတင်း
ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကိုရုံးထုတ်​၊ မိသားစု​များ တွေ့ခွင့်​မရ
DVB
·
January 29, 2018
ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကိုရုံးထုတ်​၊ မိသားစု​များ တွေ့ခွင့်​မရ
Donate to DVB

 

နိုင်​ငံ​တော်​အကြည်​အညိုပျက်​​စေမှု၊ မတရားသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲခံထားရတဲ့  ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီက​နေ့ ရ​သေ့​တောင်​မှာ ပထမဆုံးအကြိမ် ရုံးထုတ်​စစ်​​ဆေးခဲ့​ပေမယ့် မိသားစုဝင်​တွေ​နဲ့တွေ့ဆုံခွင့် မရခဲ့ပါဘူး။

ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို​ ဒီက​နေ့ မနက် ​၁၀ နာရီခွဲမှာ ရ​သေ့​တောင်​မြို့နယ်​တရားရုံးမှာ ရုံးထုတ်​စစ်​​ဆေးခဲ့တာ ဖြစ်​ပါတယ်​။

ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို​ အခုလို​တွေ့ခွင့်​မရတဲ့အ​ပေါ်​ စာ​​ရေးဆရာဝေဟင်​​အောင်​​ရဲ့ အကိုဖြစ်​သူက ဦးသိန်းဝင်းက "အခုလို​တွေ့ခွင့်​မရ​တော့ စိတ်​မ​ကောင်း​တော်​​တော်​ဖြစ်​ပါတယ်​။ ဒီလို​ခေတ်​မျိုးမှာ အခုလို ​တွေ့ခွင့်မရတာ​တော့ မဖြစ်​သင့်ဘူး။ မီဒီယာ​တွေလည်း​ သတင်းယူခွင့် မရကြဘူး။ မိသားစုဝင်​​တွေနဲ့​ တွေ့ခွင့်​ပေး ​စေချင်​တယ်​လို့​ပြောပါတယ်​။

အာဏာပိုင်​​တွေက​တော့ လုံခြုံ​ရေးအ​ခြေအ​နေအရ သူတို့​တွေနဲ့ ​တွေ့ခွင့်​မ​ပေးတာလို့ ဆိုပါတယ်​။ ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို​တော့ လာမယ်​​ဖေ​ဖော်​ဝါရီ ၉ ရက်​​နေ့မှာ ရုံးထုတ်​ခွင့်​တောင်းဆိုထားတယ်​လို့ အကျိုး​ဆောင်​လိုက်​ပါ​ဆောင်​ရွက်​​ပေးတဲ့ ​​ရှေ့​နေ​ဒေါ်​အေးနုစိန်​က မီဒီယာ​တွေကို​ပြောပါတယ်​။

ရ​သေ့​တောင်​မြို့မှာ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီနေ့ ပထမဦးဆုံးအကြိမ် ​ရုံးထုတ်​စစ်​​ဆေးခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်​ဖွဲ့ဝင်​​တွေ အ​မြောက်​အမြား ချထားပါတယ်​။

ရ​သေ့​တောင်​တမြို့လုံး နေရာ​တော်​များများမှာ လုံခြုံ​ရေးတပ်​ဖွဲဝင်​​တွေ တင်းကျပ် ချထားပြီး သတ်​မှတ်​​နေရာတချို့ကို ဝင်​ခွင့်မ​ပေးပါဘူး။ ဒါ့အပြင်​ ချောင်းတစ်ဖက်ရ​သေ့​တောင်​ ပြားချောင်းကြီး ကူးတို့လှေကိုလည်း လုံခြုံရေး တင်းကျပ်​စွာချထားပြီး ပိတ်ထားပါတယ်​။

ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး ဟောပြောသူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ​စာ​ပေ​ဟော​ပြောပွဲစီစဉ်​သူ ​နီဘုန်းသန်း​ဝေတို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နိုင်​ငံ​တော်​အကြည်​အညိုပျက်​​စေမှု ၅၀၅(ခ) (ဂ)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013