DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေထားရှိပြီး ကူညီထောက်ပံ့မည်
DVB
·
January 29, 2018
မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေထားရှိပြီး ကူညီထောက်ပံ့မည်
Donate to DVB

 

မသန်စွမ်းသူတွေအတွက် သီးသန့်ရန်ပုံငွေထားရှိပြီး ကူညီထောက်ပံ့ပေးသွားမယ်လို့ လူမှု ၀န်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေအရ မသန်းစွမ်းသူတွေအတွက် ဥပဒေရဲ့ အကာအကွယ်ကို ပြည့်ဝစွာရရှိစေဖို့နဲ့ သီးသန့်ရန်ပုံငွေ တစ်ရပ်ထူထောင်ပြီး ထောက်ပံ့ကူညီ ဆောင်ရွက်ပေးဖို့ အစီစဉ် ရှိ/မရှိ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် တစ်ဦးက မေးမြန်းခဲ့ပါတယ်။

အဲဒီလို မေးမြန်းမှုအပေါ် ၀န်ကြီးဒေါက်တာဝင်းမြတ်အေးက “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မသန်စွမ်းသူ များ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါသောကြောင့် မသန်စွမ်းသူများအတွက် သီးသန့်ရန်ပုံငွေ တစ်ရပ်လည်း ထူထောင်၍ ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဥပဒေပါ သီးသန့်ရန်ပုံငွေထူထောင်ပြီးပါက ၎င်းတို့အတွက် အခွင့်အရေး အပြည့်အ၀ရရှိရေး ပိုမိုပံ့ပိုးဆောင်ရွက်ပေး နိုင်တော့မည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားအပ်တယ်”လို့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

မသန်စွမ်းသူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ၀န်ကြီးဌာနအနေနဲ့ ပံ့ပိုးမှုတွေကို ယခုဘဏ္ဍာနှစ်ကတည်းက ဆောင်ရွက်ပေးနေပါတယ်လို့ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေက မိုင်းကြောင့် ထိခိုက်ဒဏ် ရာရရှိသူ ၅၄ ဦးကို တစ်ဦးလျှင် ကျပ် ၂ သိန်းနှုန်းကို ပံ့ပိုးကူညီပေးခဲ့ပြီး ကချင်ပြည်နယ်က မိုင်းကြောင့် သေဆုံးသူ ၁ ဦးကို ကျပ် ၇ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ တောင်ခူကျေးရွာအုပ်စုအတွင်းက မသန်စွမ်းသူ ၆ ဦးကိုလည်း တစ်ဦး ကျပ် ၅ သိန်းနှုန်းနဲ့ သာမန် မသန်စွမ်းသူ ၃၁ ဦးကို တစ်ဦးလျှပ် ကျပ် ၂ သိန်းနှုန်း၊ ကျန်းမာရေးမကောင်းတဲ့ မသန်စွမ်းသူ ၁ ဦးကို ၁ သိန်း နဲ့ ထောက်ပံ့ကူညီပေး ခဲ့တယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013