DVB Logo
Home
မြန်မာသတင်း
အာဆီယံလူသားချင်းစာနာကူညီမှုအဖွဲ့ ရခိုင်ပြည်နယ်ကို လာရောက်
DVB
·
January 29, 2018
အာဆီယံလူသားချင်းစာနာကူညီမှုအဖွဲ့ ရခိုင်ပြည်နယ်ကို လာရောက်
1 / 3
Donate to DVB

 

အာဆီယံလူသားချင်းစာနာကူညီမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ရခိုင်ပြည်နယ် အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ လူကယ်ပြန်ဌာနက သတင်းထုတ်ပြန်ပါတယ်။

အာဆီယံအရေးပေါ်တုံ့ပြန်ရေးနဲ့ ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ဝင် သုံးဦးတို့ဟာ ဇန်နဝါရီ ၂၇ရက်နဲ့ ၂၈ရက်တွေမှာ ရခိုင်ပြည်နယ်၊ ငါးခူရပြန်လည်လက်ခံရေးစခန်းနဲ့ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူတွေအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက  အမေရိကန် ဒေါ်လာလေးသိန်းခွဲလောက်တန်ဖိုးရှိတဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့  စင်္ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ(၇)သောင်းခွဲခန့်တန်ဖိုးရှိ မီးဖို ချောင်သုံးပစ္စည်းတွေကို လှူဒါန်းထားတာဖြစ်ပါတယ်။

အဆိုပါ ကယ်ဆယ်ရေးပစ္စည်းတွေကို  စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်ရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူတွေကို  ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ဖြန့်ခွဲဆောင်ရွက်ပေးနေတယ်လို့သိရပါ။

ဓာတ်ပုံ-လူကယ်ပြန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013