DVB Logo
Home
မြန်မာသတင်း
ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းသူကျောင်းသား ၇ ဦး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည်
DVB
·
January 29, 2018
ခဝဲခြံ မျက်မမြင်ကျောင်းက ကျောင်းသူကျောင်းသား ၇ ဦး တက္ကသိုလ်ဝင်တန်း ဖြေဆိုမည်
Donate to DVB

ရန်ကုန်မြို့မှာရှိတဲ့ မျက်မမြင်ကျောင်း နှစ်ကျောင်းထဲက ခဝဲခြံကျောင်းကနေ ၂၀၁၈ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် အမြင်အာရုံ မသန်စွမ်းကျောင်းသူ ၄ ယောက်နဲ့ ကျောင်းသား ၃ ယောက်တို့ဟာ အင်းစိန် အ.ထ.က ၂ ကနေ ဖြေဆိုသွားကြမှာ ဖြစ်ပါတယ်။

ခဝဲခြံ မျက်မမြင်ကျောင်းက အောင်ချက်ရာခိုင်နှုန်းက ၁၉၉၄ ကနေ  ၁၉၉၆ အထိ ၃ နှစ် ဆက်တိုက် အောင်ချက် ၁၀၀ ရာခိုင်နှုန်းရှိဖူးပြီး လုံးဝ မအောင်မြင်တဲ့နှစ်လည်း ရှိခဲ့ဖူးတယ်လို့ ခဝဲခြံတာဝန်ခံ ဆရာမကြီး ဒေါ်ဇီးနာဒွန်က ပြောပါတယ်။

ဂုဏ်ထူးအထွက်များဆုံး ဘာသာရပ်က သမိုင်းဘာသာရပ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယကျောင်းတခုဖြစ်တဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းရဲ့ စာရင်းကတော့ မသိရသေးပါဘူး။

ဒါ့အပြင် ရန်ကုန် နားမကြားကျောင်း ၂ ခုထဲ မေရီချက်မင်းကျောင်းက ကျောင်းသားဟောင်း ၃ ယောက်ဖြစ်တဲ့ အကြားအာရုံ မသန်စွမ်းသူများ မိန်းကလေး ၂ ယောက်နဲ့ ယောက်ျားလေး ၁ ယောက်ကတော့ အ.ထ.က (၃) ဒဂုံမြို့နယ်ကနေ ဖြေဆိုမယ်လို့ကျောင်းတာဝန်ခံက ပြောပါတယ်။

ဒုတိယ ရန်ကုန်နားမကြားကျောင်းကတော့ ကျောင်းဖွင့်တာ ၃ နှစ်ပဲ ရှိသေးတာကြောင့် ၁၀ တန်းဖြေဆိုသူ မရှိဘူးလို့ ကျောင်းတာဝန်ခံက ပြောပါတယ်။ လက်ရှိအထိ ပထမတန်းကနေ မူလတန်း တက်နေတဲ့ ကျောင်းသား ၁၂၃ ယောက် ရှိပါတယ်။

တခြားကိုယ်အင်္ဂါ မသန်စွမ်းအဖွဲ့တခု ဖြစ်တဲ့ ရှေ့ဆောင်အဖွဲ့ကတော့ နှစ်စဉ် ၁၀ တန်း အောင်ပြီး တက္ကသိုလ်တက်ရောက်မယ့် ဆင်းရဲနွမ်းပါးတဲ့ မသန်စွမ်း အယောက် ၇၀ ကို နှစ်စဉ် စကောလားရှစ် ပညာသင်စရိတ် ထောက်ပံ့ပေးနေပြီး ၁၀ တန်းဖြေဆိုသူအတွက် သီးခြား စာရင်း ကောက်ခံမှုတော့ မရှိသေးဘူးလို့ အဖွဲ့တာဝန်ရှိသူ ဦးနေလင်းစိုးက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံ မသန်စွမ်းအသင်းချုပ် ဥက္ကဋ္ဌရဲ့ ပြောပြချက်အရ မြန်မာနိုင်ငံမှာရှိတဲ့ ၁၀ တန်းဖြေဆိုမယ့် မသန်စွမ်းသူတွေရဲ့ ပညာရေး စာရင်းအချက်အလက်တွေ ရရှိဖို့ ခက်ခဲနေတာကြောင့် လာမယ့် ဖေဖော်ဝါရီလထဲမှာ ရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013