DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ဗုံး​ကွဲမှုဖြင့်​ ကိုဖြိုး​ဝေ​အောင်ကို ​သေဒဏ်စီရင်
DVB
·
May 8, 2012
သင်္ကြန်ဗုံး​ကွဲမှုဖြင့်​ ကိုဖြိုး​ဝေ​အောင်ကို ​သေဒဏ်စီရင်
Donate to DVB

၂၀၁၀ ခုနှစ်က ရန်ကုန်မြို့​မှာ သင်္ကြန်တွင်း​ ဗုံး​ပေါက်ကွဲမှုနဲ့​ ဆက်စပ်ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​အောင်ကို အင်း​စိန်​ထောင်တွင်း​ ရုံး​ထိုင်တရား​ရုံး​က ဒီက​နေ့​မှာ ​သေဒဏ်ချမှတ် စီရင်လိုက်တယ်လို့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ ​ရှေ့​နေ ဦး​ကျော်ဟိုး​က ​ပြောပါတယ်။

[caption id="attachment_21482" align="alignleft" width="300" caption="ကိုဖြိုးဝေအောင်"][/caption]

၂၀၁၀ သင်္ကြန်က ကန်​တော်ကြီး​ ကန်ပတ်လမ်း​ပေါ်က X2Oမဏ္ဍပ် ဗုံး​ပေါက်ကွဲမှုနဲ့​ စပ်လျဉ်း​ပြီး​ ကိုဖြိုး​ဝေ​အောင်အ​ပေါ် အမှု ၄ ခု၊​ ပုဒ်မ ၆ ခုနဲ့​ စွဲချက်တင် စစ်​ဆေး​ခဲ့​တာပါ။

ဒီ ပုဒ်မ​တွေအား​လုံး​မှာ အသီး​သီး​ အပြစ်ရှိတယ်လို့​ တရား​ရုံး​က ဆုံး​ဖြတ်ပြီး​ အမြင့်​ဆုံး​သေဒဏ်အဖြစ် တ​ပေါင်း​တည်း​ကျခံ​စေဖို့​ ဆုံး​ဖြတ်ခဲ့​တာလို့​ ဦး​ကျော်ဟိုး​က ​ပြောပါတယ်။

“X2Oမဏ္ဍပ် ဗုံး​ပေါက်ကွဲမှုကို အား​ပေး​ကူညီတယ်ဆိုပြီး​ သူ့​ကို ၄ မှုနဲ့​ စွဲထား​တယ်​လေ။ ပထမအမှုက ပုဒ်မ ၃ ခုနဲ့​ တွဲတယ်။ ၃၀၂-၁ (ခ) ဆိုတာက ကြိုတင်ကြံစည်မှုနဲ့​ လူသတ်တာကို ​သေဒဏ်​ပေး​ထား​တယ်။ ပြင်း​ထန်နာကျင်​စေတဲ့​သူ​တွေပါတဲ့​အတွက် ၃၂၆/၁၂၄ ပြင်း​ထန်နာကျင်​စေမှုကို အား​ပေး​ကူညီတယ်ဆိုပြီး​တော့​ ​ထောင်ဒဏ် ၁၀ နှစ်၊​ ၃၂၄/၁၂၄ က သာမန်ဒဏ်ရာရမှုကိုဖြစ်​အောင် အား​ပေး​ကူညီတယ်ဆိုပြီး​ ​ထောင်ဒဏ် ၃ နှစ် အဲဒီတမှုတည်း​မှာ ချထား​တယ်။

“ဒုတိယ အမှုက ​ဖောက်ခွဲမှု အား​ပေး​တယ်ဆိုပြီး​တော့​ တသက်တကျွန်း​ဒဏ် ​ပေး​ထား​တယ်။ ​နောက်တမှုက မတရား​အသင်း​နဲ့​ ဆက်သွယ်တယ်ဆိုပြီး​တော့​ ​ထောင်ဒဏ် ၃ နှစ်၊​ နိုင်ငံအတွင်း​ကို တရား​မဝင် ပြန်ဝင်လာတယ်ဆိုပြီး​တော့​ ​ထောင်ဒဏ် ၃ နှစ်​ပေါ့​။ အဲဒီ ၄ မှုကို တ​ပေါင်း​တည်း​ ကျခံ​စေဆိုပြီး​တော့​ ချမှတ်လိုက်တာ။”

အဲဒီဗုံး​ပေါက်ကွဲမှု ဖြစ်တုန်း​က လူ ၉ ​ယောက်ကို ဖမ်း​ပြီး​ ပုဒ်မအသီး​သီး​နဲ့​ ​ထောင်ဒဏ်စီရင်ခဲ့​ပြီး​ ၈ ဦး​က လွတ်ငြိမ်း​ခွင့်​နဲ့​ လွတ်ကုန်ပြီး​ ကိုဖြိုး​ဝေ​အောင် တ​ယောက်ပဲ ကျန်​နေပြီး​ တရား​စီရင်ခံရတာပါ။

ဒီအမှုကို အရပ်ဘက် မြို့​နယ်တရား​ရုံး​မှာ မစစ်ဘဲ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ ၂ နှစ်​လောက် စစ်​ဆေး​ခဲ့​ပါတယ်။ စစ်​ကြော​ရေး​ကာလမှာလည်း​ ကိုဖြိုး​ဝေ​အောင်ကို အပြင်း​အထန်ညှင်း​ပန်း​နှိပ်စက်ပြီး​ ​ဖြောင့်​ချက်​ပေး​ခိုင်း​ခဲ့​တယ်လို့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ မိသား​စုက ​ပြောပါတယ်။

အမှုကို စစ်​ဆေး​စဉ်ကာလမှာလည်း​ အမှုစစ်ရဲအရာရှိရဲ့​ ထွက်ချက်မှာပါရှိတဲ့​ တရား​လိုပြ သက်​သေတဦး​ထံက ကြိုတင် ထွက်ချက်ယူထား​တယ်ဆိုတဲ့​ ထွက်ချက်ဟာ အမှုတွဲထဲမှာ ​ပျောက်ဆုံး​နေတာနဲ့​ ပတ်သက်ပြီး​ ကိုဖြိုး​ဝေ​အောင်က ပြန်လည် ​မေး​ခွန်း​ထုတ်တဲ့​အ​ပေါ် တရား​ရုံး​က တရား​စီရင်တဲ့​ဝန်ထမ်း​တွေကို ​နှောင့်​ယှက်မှုနဲ့​ ကိုဖြိုး​ဝေ​အောင်ကို​ရော သူ့​ရှေ့​နေ​တွေဖြစ်တဲ့​ ဦး​ကျော်ဟိုး​နဲ့​ ​ဒေါ်သင်း​ဇာလှိုင်တို့​ကို တရား​စွဲဆိုမယ်လို့​ ​ဖေ​ဖော်ဝါရီတတိယပတ်မှာ ဆုံး​ဖြတ်ခဲ့​ပါ​သေး​တယ်။

တရား​လွှတ်​တော်​ရှေ့​နေ ဦး​ကျော်ဟိုး​က သူ့​အမှုသည်အတွက် ဆက်လက် အယူခံတင်သွား​မှာပါလို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013