DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင်နှင့်စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ရုံးထုတ်၊ လုံခြုံရေးတပ်​ကျပ်
DVB
·
January 29, 2018
ဒေါက်တာအေးမောင်နှင့်စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ရုံးထုတ်၊ လုံခြုံရေးတပ်​ကျပ်
1 / 5
Donate to DVB

 

ရ​သေ့​တောင်​မြို့မှာ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီနေ့ ပထမဦးဆုံးအကြိမ် ​ရုံးထုတ်​စစ်​​ဆေးမှာဖြစ်ပြီး လုံခြုံရေးတပ်​ဖွဲ့ဝင်​​တွေ အ​မြောက်​အမြားချထားပါတယ်​။

ရ​သေ့​တောင်​တမြို့လုံး နေရာ​တော်​များများမှာ လုံခြုံ​ရေးတပ်​ဖွဲဝင်​​တွေ တပ်​ကျပ်​စွာချထားပြီး သတ်​မှတ်​​နေရာတချို့ကို ဝင်​ခွင့်မ​ပေးပါဘူး။

ဒါ့အပြင်​ ချောင်းတစ်ဖက်ရ​သေ့​တောင်​ ပြားချောင်းကြီး ကူးတို့လှေကိုလည်း လုံခြုံရေး တင်းကျပ်​စွာချထားပြီး ပိတ်ထားပါတယ်​။

ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ဒီက​နေ့ မနက်​ ၆ နာရီ ၃၀ က စစ်​​တွေအကျဉ်း​ထောင်​က​နေ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတား ဆိပ်ကမ်း၊ အဲ့ဒီက​နေ့တဆင့် ရဲအင်အားအပြည့် စက်လှေနဲ့ရ​သေ့​တောင်​ကို ခေါ်ဆောင်လာပါတယ်​။

ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး  ဟောပြောသူ ဒေါက်တာအေးမောင်နဲ့  စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့  အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013