DVB Logo
Home
မြန်မာသတင်း
တနိုင်းက ကေအိုင်အေ စခန်းများ သိမ်းပိုက်ရရှိဟု တပ် သတင်းထုတ်
DVB
·
January 29, 2018
တနိုင်းက ကေအိုင်အေ စခန်းများ သိမ်းပိုက်ရရှိဟု တပ် သတင်းထုတ်
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းဒေသက ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ စခန်းတွေ သိမ်းပိုက်ရရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၂ ရက်ကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ ကေအိုင်အေတို့  ထိတွေ့မှု ၁၀ ကြိမ်၊ မိုင်းဖြစ်စဉ် ၃ ကြိမ်ဖြစ်ပွားခဲ့တယ်။

ကေအိုင်အေရဲ့ အကောက်ခွန်ဂိတ် ၁ ခု၊ စခန်းငယ် ၁ ခုနဲ့  လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်များအတွင်း ရန်သူတချို့သေဆုံးခဲ့တယ်။

တပ်မတော်က စစ်သည်တချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပေမယ့် ဘယ်နှယောက်ထိခိုက် သေဆုံးတယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ရွှေနဲ့ပယင်းမှော်တွေ တဝိုက်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံ ထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောဆိုနေတုန်း တပ်မတော်က ခုလို သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

တပ်မတော်က တိုက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေကပြောဆိုနေပေမယ့် တပ်မတော်သတင်း မှာတော့ တိုက်လေယာဉ်သုံး တိုက်ခိုက်ခဲ့တယ်ဆိုတာ ဖော်ပြမထားပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013