DVB Logo
Home
မြန်မာသတင်း
FDA ဒုဦးစီးမှူး မရွှေရည်ဝင်းအတွက် ဆုတောင်းပွဲပြုလုပ်
DVB
·
January 29, 2018
FDA ဒုဦးစီးမှူး မရွှေရည်ဝင်းအတွက် ဆုတောင်းပွဲပြုလုပ်
1 / 10
Donate to DVB

ရန်ကုန်မြို့မှာ တက္ကစီငှားစီးရင်း အသတ်ခံလိုက်ရတဲ့ FDA ဒုဦးစီးမှူး မရွှေရည်ဝင်းအတွက် ရန်ကုန်မြို့ ရွှေတိဂုံဘုရား ဗုဒ္ဓဟူးထောင့်မှာ ဆုတောင်းပွဲကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဒုကြီးကြပ်ရေးမှူးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် မရွှေရည်ဝင်းဟာ ဇန်နဝါရီ ၂၀ ရက်ညက ဒဂုံမြို့နယ်မှာရှိတဲ့ သူ့နေအိမ်ကထွက်သွားပြီး ပြန်မရောက်လာလို့ လူပျောက်တိုင်ထားခဲ့ပါတယ်။

နောက်နေ့ မနက်ပိုင်းမှာတော့ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ငမိုးရိပ်ချောင်းကူး တံတားဘေးမှာ ဒဏ်ရာတချို့နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

ပြစ်မှုကျူးလွန်သူတွေကို ခရိုင်လေးခုက ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းရဲတပ်ဖွဲ့က  စုံစမ်းခဲ့ကြပြီး ဇန်န၀ါရီ ၂၄ ရက်နေ့မှာ ဒဂုံမြို့သစ် မြောက်ပိုင်းနေ ယာဉ်မောင်းလုပ်ကိုင်တဲ့ အသက် ၂၇ နှစ်အရွယ် တရားခံ မျိုးဇော်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

ရန်နိုင်ဇော်ဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013