DVB Logo
Home
မြန်မာသတင်း
လွတ်လပ်စွာ တင်သွင်း​ခွင့်​ပြုခြင်း​သည် ကား​ဈေး​ကွက်ကို ထိခိုက်ဟုဆို
DVB
·
May 8, 2012
Donate to DVB

အစိုး​ရက​နေ ​မော်​တော်ယာဉ်​တွေကို မြန်မာနိုင်ငံထဲကို ဝယ်ယူတင်သွင်း​ခွင့်​ ပြုလိုက်တဲ့​အတွက် ရန်ကုန် ​မော်​တော်ယာဉ်တင်သွင်း​မှုလုပ်ကိုင်​နေတဲ့​ ​ဈေး​ကွက်ထဲမှာ ထိခိုက်လာတယ်လို့​ သိရပါတယ်။

စီး​ပွား​ရေး​နဲ့​ ကူး​သန်း​ရောင်း​ဝယ်​ရေး​ဝန်ကြီး​ဌာန ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ၂၀၀၇ ခုနှစ် ​မော်ဒယ်အထက် ​မော်​တော်ယာဉ်​တွေကို လွတ်လပ်စွာ ဝယ်ယူတင်သွင်း​လို့​ ရပြီလို့​ ​ပြောကြား​လိုက်တဲ့​အတွက် အရင်ရှိပြီး​သာ ကား​ဟောင်း​က​နေ ကား​သစ်လဲသမား​တွေနဲ့​ ပြည်ပထွက် အလုပ်လုပ်သူ​တွေရဲ့​ ဝယ်ယူခွင့်​ ပါမစ် ​ဈေး​ကွက်မှာ ထိခိုက်သွား​တယ်လို့​ ရန်ကုန်က ကား​သွင်း​လုပ်ငန်း​ လုပ်သူ​တွေက ​ပြောပါတယ်။

အက္ခရာ နံပါတ် ပ နဲ့​ န နံပါတ် ကား​ဟောင်း​တွေကိုအပ်ပြီး​ ကား​သစ်ပါမစ်လုပ်ကိုင်​နေသူ​တွေ ထိခိုက်ခံရတာနဲ့​ပတ်သက်ပြီး​တော့​ အဲဒီ့​လုပ်ငန်း​ လုပ်ကိုင်​နေသူ တဦး​က “အရင် ဒီသတင်း​မထွက်ခင်က န နဲ့​ ပ နံပါတ်​တွေက သိန်း​ ၁၅၀ ​လောက်​ခေါ်တယ်။ မ​နေ့​ကထိ​တော့​ ၁၁၅ သိန်း​၊​ ၁၂၀ သိန်း​လောက်ကို ​ဈေး​ဆိုင်ကြတယ်။ န နဲ့​ ပ နံပါတ်ပဲကျန်​တော့​ သိန်း​ ၁၀၀ ​အောက်​တော့​ ဆင်း​မှာမဟုတ်ဘူး​” လို့​ ​ပြောပါတယ်။

ပြည်ပမှာ လုပ်ကိုင်​နေသူ​တွေနဲ့​ သ​င်္ဘောသား​တွေအတွက် ကား​ပါမစ်ကို ဝင်​ငွေ ၁၀ ရာခိုင်နှုန်း​ ဘဏ်စာရင်း​ထဲမှာ သွင်း​ထား​မှ​လျှောက်ထား​လို့​ရတဲ့​ အ​ခြေအ​နေက​နေ အခုလို လွတ်လွတ်လပ်လပ် တင်သွင်း​ခွင့်​ရတဲ့​အတွက် ရန်ကုန်က မြန်မာပြည်ကို ကား​သွင်း​တဲ့​သူတ​ယောက်က ထိခိုက်နစ်နာရတာနဲ့​ပတ်သတ်ပြီး​ အခုလို ရှင်း​ပြပါတယ်။

“အရင်တုန်း​က ၁၀ ရာခိုင်နှုန်း​ ​ဆောင်ထား​တဲ့​လူ​တွေ အလုပ်လုပ်သူ​တွေ၊​ သ​င်္ဘောသား​တွေ စတာ​တွေကို သ​င်္ဘောသား​ဆိုလည်း​ စိစစ်ပြီး​မှ ​ထောက်ခံစာယူခိုင်း​တယ်။ တန်း​စီပြီး​ ​ထောက်ခံစာယူရတယ်။ အလုပ်လုပ်တဲ့​သူ​တွေကျ​တော့​ အလုပ်သမား​ရုံး​မှာတင်ရတယ်။ တလ​လောက်ကြာတယ်။ ​ထောက်ခံချက်ပြန်ကျတယ်။ ပြီး​မှကုန်သွယ်​ရေး​မှာ ပြန်​လျှောက်ရတယ်။ ၃၀၀၀ ​ကျော်​လျှောက်ထား​ပြီး​မှ ၂၃၅၂ ​ယောက်ကိုပဲ ချ​ပေး​ပြီး​တော့​ ကျန်တာကိုမချ​ပေး​သေး​ဘူး​။ မချ​ပေး​တဲ့​အပြင် ကုန်သွယ်​ရေး​ဝန်ကြီး​က သတင်း​ထုတ်ပြန်လိုက်တယ်။ အဲဒီသတင်း​ထုတ်ပြန်​တော့​ ပိုက်ဆံရှိတဲ့​လူတိုင်း​က ဘဏ်မှာလာ​လျှောက်လို့​ရပြီ​ပေါ့​။ အ​ရောင်း​အဝယ် လုပ်ရတာ ​တော်​တော်ခက်ခဲကုန်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013