DVB Logo
Home
မြန်မာသတင်း
ဦးသန့်၏ ၁၀၉ နှစ်ပြည့်မွေးနေ့ အောက်မေ့ဖွယ်ဟောပြောပွဲ ကျင်းပ
DVB
·
January 28, 2018
ဦးသန့်၏ ၁၀၉ နှစ်ပြည့်မွေးနေ့ အောက်မေ့ဖွယ်ဟောပြောပွဲ ကျင်းပ
1 / 6
Donate to DVB

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ၁၀၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် အောက်မေ့ဖွယ်ဟောပြောပွဲကို ဇန်န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်မြို့ ပန်းဝါလမ်းမှာရှိတဲ့ ဦးသန့်ပြတိုက်နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ မြေးဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ဦးသန့်နဲ့ ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်လည်ပြောကြားခဲ့ပါတယ်။

ဦးသန့်ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်တမ်းတ သတိရကြတဲ့နေရာမှာ မြန်မာနိုင်ငံ သာမက ကမ္ဘာတ၀ှမ်းက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ဆွေးနွေးခြင်းအားဖြင့် အောက်မေ့တာဟာ သင့်တော်ကောင်းမွန်တဲ့ နည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ကုလသမဂ္ဂငြိမ်းချမ်းရေး ညှိနှိုင်းအရာရှိ ဒေါက်တာ နိုလင်းဟေဇာကလည်း ဦးသန့်ရဲ့ သမိုင်းနဲ့ သူရဲ့ဖြတ်သန်းမူတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ထားတဲ့  ဟောပြောတာတွေကို ပြုလုပ်ခဲ့ပါတယ်။

၁၉၀၉ ခုနစ် ဇန်န၀ါရီလမှာ မွေးဖွားခဲ့တဲ့ ဦးသန့်ရဲ့ အောက်မေ့ဖွယ်အဖြစ် ဟောပြောတာ တွေကို ဦးသန့် အိမ်မှာ လုပ်ခဲ့တာဟာဆိုရင် ဒါဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ နိုင်ငံတကာသံတမန်တွေနဲ့ ပြည်တွင်း နယ်ပယ်အသီးသီးက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013