DVB Logo
Home
မြန်မာသတင်း
လိင်ပိုင်းနှောင့်ယှက်မှုဖြင့် စွပ်စွဲထားသည့်ဗေဒင်ဆရာကို လာရောက်တိုင်ကြားခြင်းမရှိဟု ရဲပြော
DVB
·
January 28, 2018
လိင်ပိုင်းနှောင့်ယှက်မှုဖြင့် စွပ်စွဲထားသည့်ဗေဒင်ဆရာကို လာရောက်တိုင်ကြားခြင်းမရှိဟု ရဲပြော
Donate to DVB

 

အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် နှောင့်ယှက်တယ်လို့ စွပ်စွဲခံထားရတဲ့ ‌ကိုးထပ်ကြီးဘုရားဝင်းအတွင်းက ဗေဒင်ဆရာကို အခုအချိန်ထိ စမ်းချောင်းရဲစခန်းမှာ လာရောက်အမှုဖွင့်တိုင်ကြားတာ မရှိသေးဘူးလို့ စမ်းချောင်းမြို့မ ရဲစခန်းက ပြောပါတယ်။

စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားဝင်းအတွင်းမှာ ဆိုင်ခန်းဖွင့်လှစ်ထားတဲ့ ဗေဒင်ဆရာ တယောက်က ဗေဒင်လာရောက်မေးမြန်းတဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ထိပါးစော်ကား တယ်ဆိုပြီး facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အခုရက်ပိုင်းအတွင်း ပျံ့နှံ့နေတာဖြစ်ပါတယ်။

အခုလို လိင်ပိုင်းဆိုင်ရာစော်ကားတယ်လို့ စွပ်စွဲခံရသူဗေဒင်ဆရာဟာ ဖေ့စ်ဘွခ်မှာ ဒီသတင်းတက်လာပြီးနောက် ကိုးထပ်ကြီးဘုရားဂေါပကက ခေါ်ယူပြီး ဆိုင်ခန်း ခေတ္တပိတ်ခိုင်း ခဲ့တယ်လို့ သိရပါတယ်။

“အပင်မြင့်လို့ လေတိုက်တယ်ပဲဆိုရမလား။ ဒီဆရာ ဒီဘုရားမှာ ဗေဒင်ဟောလာတာ ၇ နှစ်ကျော်ရှိနေပြီ။ ဘာသတင်းမှ မထွက်ခဲ့ဘူးဘူး။ နာမည်ပျက်လည်း မရှိဘူး။ စော်ကား ခံရတယ်ဆိုလည်း အဲဒီကတည်းက ဖေ့စ်ဘွတ်ခ်ပေါ်တင်သင့်တယ်။ သူက နာမည်ကြီး တယောက် ဆိုတော့ မနာလိုလို့ တိုက်ခိုက်တာတွေတော့ ရှိမှာပေါ့” လို့ အစွပ်စွဲခံရတဲ့ ဗေဒင်ဆရာရဲ့ ဘေးပတ်ဝန်းကျင်ဆိုင်ခန်းက သူ့ရဲ့အမြင်ကို ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ အမျိုးသမီးတွေက ဒီကနေ့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့် တိုင်ကြားသွားမယ်လို့ အင်တာဗျူးတခုမှာပြောထားပေမယ့် အခုချိန်ထိ လာရောက်အမှုဖွင့်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013