DVB Logo
Home
မြန်မာသတင်း
ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ချက်​ချင်းလွှတ်​​ပေးရန် ဆန္ဒပြ
DVB
·
January 28, 2018
ဒေါက်​တာ​အေး​မောင်​နှင့် စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ကို ချက်​ချင်းလွှတ်​​ပေးရန် ဆန္ဒပြ
1 / 5
Donate to DVB

 

အမ်းလွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါက်​တာ​အေး​မောင်​နဲ့ စာ​ရေးဆရာ​ဝေဟင်​​အောင်​တို့ ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ချက်​ချင်းလွှတ်​​ပေးဖို့ ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့ ဒေသခံ​တွေက လမ်း​လျှောက်​ဆန္ဒ ထုတ်​​ဖော်​ခဲ့ကြပါတယ်​။

ဒီဆန္ဒထုတ်​​ဖော်​မှုကို ​ကျောက်​​တော်​သာသနာဗိမာန်​မှာ စတင်​စု​ဝေးခဲ့ပြီး နေ့လယ် ​၁ နာရီမှာ​တော့ မြို့ပတ်​လမ်း​လျှောက် ​ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။

ဆန္ဒထုတ်​​ဖော်​ရာမှာ ဦး​ဆောင်​သူတဦးဖြစ်​တဲ့ ဦး​ကျော်​လှမြင့်က “ဒေါက်​တာ​အေး​မောင်​နဲ့ ဦးဝေဟင်​​အောင်​တို့ ချက်​ချင်းလွှတ်​​ပေးပါ။ ဒီလိုမတရားဖိနှိပ်​ပြီး ဖမ်းဆီးတာ​တော့ လုံးဝ မတရားပါဘူး။ ​နောက်​ပြီး​တော့ ​မြောက်​ဦးကိစ္စမှာ အရပ်​သား​တွေကို ​သေနတ်​ပစ်​ခတ်​မှု​ အမှုမှန်​​တွေ ချက်​ချင်း​ဖော်​ထုတ်​​ပေးဖို့ လိုတယ်​။ ​ဒီဖြစ်​စဉ်​မှာ ပါဝင်​ရဲတပ်​ဖွဲ့​တွေ ပါဝင်​ပစ်​ခတ်​မှု ကိုလည်း အ​ရေးယူ​ပေးဖို့လိုတယ်​" လို့ ​ပြောပါတယ်​။

ဒီမိုက​ရေစီနဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိ​ရေး ​မြောက်​ဦး အကြမ်းဖက်​သတ်​ဖြတ်​ ဖြိုခွင်းမူအား ရှုတ်​ချသည်​ ​မြောက်​ဦးအကြမ်းဖက်​ငတ်​ဖြတ်​မှု​အား ထိ​ရောက်​စွာ အ​ရေးယူ​ပေး​ရေး၊ ​ဒေါက်​တာ​အေး​မောင်​အား အမြန်​ဆုံးပြန်​လွှတ်​​ပေး​ရေး စာ​ရေးဆရာ​ဝေဟင်​​အောင်​အား အမြန်​ဆုံး လွှတ်​​ပေး​ရေး ​မြောက်​ဦးအ​ရေးအခင်းနဲ့ လူငယ်​​တွေကို ဖမ်းဆီးခြင်းကို ချက်​ချင်း​ရေး ရပ်​​ပေးဖို့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်​မှု အ​လေးထားလျှင်​ ရခိုင်​ပြည်​သူ​တောင်းဆိုမှုကို အစိုးရမှ လိုက်​နာပါစတဲ့ ​ကြွေး​ကြော်​သံ​တွေအတူ ပိုစတာ ဗွီနိုင်း​တွေ ကိုင်​​ဆောင်​ပြီး ဆန္ဒပြကြတာ ဖြစ်​ပါတယ်​။

မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာပေဟောပြောပွဲ ကျင်းပခွင့်မရတာကို အကြောင်းပြုပြီး လူစုလူဝေးနဲ့ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ် လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင်​ မြောက်ဦးပဋိပက္ခမှာ အရပ်သားတွေ ပစ်ခတ်ခံရမှု အစိုးရက ထိထိရောက်ရောက် တာဝန်ယူဖြေရှင်းပေးဖို့ စစ်တွေမြို့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ် ၅ ဦးကို စစ်တွေမြို့မရဲစခန်းက အမှုဖွင့်ထားပါ​သေးတယ်။

ဒီက​နေ့ ဆန္ဒထုတ်​​ဖော်​မှုကိုအာဏာပိုင်​​တွေက ခွင့်ပြုချက်နဲ့ ဆန္ဒထုတ်​​ဖော်​တာဖြစ်​ပါတယ်​။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013