DVB Logo
Home
မြန်မာသတင်း
ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ရန်ကုန်တွင် ကျင်းပ
DVB
·
January 28, 2018
ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် ရန်ကုန်တွင် ကျင်းပ
1 / 8
Donate to DVB

 

မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေကို နည်းစနစ်တကျ ဆုံးမလမ်းညွှန်တတ်စေဖို့နဲ့ ကလေးတွေ ခေတ်နဲ့အညီ အသိပညာဗဟုသုတတွေ ကြွယ်ဝနိုင်စေဖို့အတွက် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ကျင်းပနေပါတယ်။

အဲဒီပွဲတော်ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ Youth Social Group လူငယ်ပရဟိတအဖွဲ့တွေ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးပွဲတော်မှာတော့ ကလေးတွေအတွက် အသိပညာပေး ဟောပြောတာတွေ၊ ကလေးတွေကိုယ်တိုင် ပန်းချီရေဆွဲ ဆေးရောင်ခြယ်တာတွေ၊ သဲပန်းချီ ရေးဆွဲတာတွေ၊ အားကစားပြိုင်ပွဲတွေ၊ ဂိမ်းဆော့ကစားတာတွေ၊ ကလေးတွေကို ပုံပြင်ပြော ပေးတာတွေအပါအဝင် ကလေးတွေ စာပေလေ့လာနိုင်ဖို့ စာဖတ်ခန်းတွေကိုလည်း ပြုလုပ်ပေးထားပါတယ်။

ဒါ့အပြင် မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေက ကလေးသူငယ် တွေကလည်း တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေ၊ ကပြခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013